
ငလျင်ဘေးသင့်ပြည်သူတွေအတွက် ငွေကျပ်သိန်း ၃၀၀ လှူဒါန်းခဲ့တဲ့အပြင် သိန်း ၁၅၀၀ ဖိုး ဆေးဝါးပစ္စည်း၊ အရေးပေါ် Mobile Toilets သိန်း ၆၀၀ ကျော်ဖိုးနဲ့ စားစရာတွေထပ်မံလှူဒါန်းခဲ့တဲ့ ပိုင်တံခွန်
ပြည်တွင်း ပြည်ပကအစ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ပိုင်တံခွန်ကတော့ ငလျင်ဘေးသင့်ပြည်သူတွေအတွက် ငွေကျပ်သိန်း ၃၀၀ လှူဒါန်းခဲ့တဲ့အပြင် သိန်း ၁၅၀၀ ဖိုးဆေးဝါးပစ္စည်းနဲ့ အရေးပေါ် Mobile Toilets တွေကို သိန်း ၆၀၀ ကျော်ဖိုးအပြင် စားစရာတွေပါ ထပ်မံလှူဒါန်းခဲ့ပါတယ်။



ကျွန်တော့်အနေနဲ့ ကျေးဇူးပြုပြီး ငလျင်ဘေးကြောင့် တိုက်တာအိုးအိမ် တကယ်ဆုံးရှုံး ထိခိုက်ခံစားခဲ့ရတဲ့ ငလျင်ဘေးသင့်ပြည်သူတွေကိုသာ အဓိကထားပြီးတော့ အလှူရှင်တွေ၊ ကယ်ဆယ်ရေးသမားတွေ၊ စေတနာ့ဝန်ထမ်းတွေက ကာယအား ဉာဏအား ငွေအားတွေနဲ့ လှူပေးနေတာတာလည်း တွေ့ရပါတယ်။ အကုန်လုံးလည်း ဘေးမသင့်ခဲ့တဲ့သူတွေ ဝင်ယူတာမျိုး မလုပ်ခြင်းအားဖြင့် ဝိုင်းဝန်းကူညီပေးပါ။ ဆုံးရှုံးသွားတဲ့သူတွေရဲ့ ဒုက္ခကို ဦးစားပေး နားလည်ခွင့်လွှတ်ကူညီပေးကြဖို့ ပြောချင်ပါတယ်။ ပြည်ပနိုင်ငံတွေက အလှူရှင်တွေ ပါဝင်လှူတဲ့ ငွေတွေရော ပြည်တွင်းကအလှူငွေတွေကိုရော ကျွန်တော့်အနေနဲ့ စုပြီးတော့ လှူဒါန်းနေပါတယ်”လို့ သရုပ်ဆောင် ပိုင်တံခွန်က ပရိသတ်သိအောင် ပြောပါတယ်။

သူဟာတော့ မတ်လ ၂၈ ရက်က ထိုင်းနိုင်ငံမှာ ရူတင် Studio တစ်ခုမှာ ရောက်နေတယ်လို့လည်း သိရပါတယ်။ ပိုင်တံခွန်ကတော့ ငလျင်စဖြစ်ဖြစ်ချင်းမှာလည်း ငလျင်သင့်ပြည်သူတွေအတွက် ကျပ်သိန်း ၁၅၀ ကိုလည်း ခိုင်နှင်းဝေ ဖောင်ဒေးရှင်းကတစ်ဆင့် လှူဒါန်းခဲ့ပါသေးတယ်။
ထိုင်းနိုင်ငံက ပရိသတ်တွေကလည်း မြန်မာနိုင်ငံဟာ သူတိုရဲ့ အိမ်နီးချင်းနိုင်ငံ မိသားစုလည်းဖြစ်တဲ့အတွက် သူတို့ထပ်တူခံစားရတယ်ဆိုပြီး တတ်နိုင်တဲ့အလှူငွေတွေကို စုပေါင်းပြီးတော့ ဘန်ကောက်လေဆိပ်မှာ ပိုင်တံခွန့်ဆီ လာရောက်လှူဒါန်းပေးသွားသလို ဘဏ်အကောင့်ထဲကိုလည်း အဖွဲ့အစည်းတချို့က လှူဒါန်းထားတယ်လို့ သိရပါတယ်။