![](https://mmdbnchannel.com/wp-content/uploads/2025/01/Daily-Brief-News-1024x1024-1.png)
(၆-၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၆-၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ မြန်မာနိုင်ငံကြီး တည်ငြိမ်အေးချမ်းပြီး သာယာဝ ပြောပါစေဟု ကမ္ဘောဒီးယားနိုင်ငံ သံဃရာဇာဆရာတော်ကြီး မေတ္တာပိုဆုတောင်းပေး
၂။ ရွှေလီ-မန်စံ ဓာတ်အားလိုင်း နှစ်လိုင်းတွင် တစ်လိုင်းပြုပြင်ပြီးစီး၍ လျှပ်စစ်ကို မူလထက် တိုးမြှင့်ပေးနေ
၃။ မြန်မာနိုင်ငံ၌ ICRC ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေး
၄။ ယာယီနေရပ်စွန့်ခွာနေရသည့် နိုင်ငံ့ဝန်ထမ်းများ၊ မိသားစုများ နှင့် ပြည်သူများကို နိုင်ငံတော်မှ ထောက်ပံ့ငွေများ ပေးအပ်မည်
၅။ ထိုင်းနိုင်ငံက မြန်မာနိုင်ငံဘက်ခြမ်းသို လျှပ်စစ်မီးပေးနေသည့် ငါးနေရာစလုံးမှာ ယနေ့စတင် လျှပ်စစ်မီးဖြတ်တောက်လိုက်ပြီး မြန်မာအစိုးရထံ အကြောင်းကြားမည်ဟု သိရ
၆။ တတိယအကြိမ်ပြုလုပ်တဲ့ ခြံအမှတ် ၅၄ လေလံတင်ရောင်းချမှုမှာလည်း ဝယ်သူမရှိဘဲပြီးဆုံး
၇။ စျေးဝယ်လာတဲ့ ဒုရဲအုပ် အမျိုးသမီးတစ်ယောက်ကို ပစ်သတ်လိုက်တယ်လို စလင်းပကဖ ဝန်ခံ
၈။ ဖေဖော်ဝါရီလ ၅ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၄၇၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၁၈၀ ကျပ်၊ Octane 95 – ၃၂၆၀ ကျပ်၊ Diesel – ၂၈၂၀ ကျပ်၊ Premium Diesel – ၃၄၈၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ဂါဇာကမ်းမြောင်ဒေသကို လွှပြောင်းရယူပြီး ပြန်လည်တည်ဆောက်မယ်လို ထရမ့်ကြေညာ
၂။ အကြမ်းဖက်အဖွဲတွေကို တိုက်ခိုက်မယ်ဆိုတဲ့ ဆီးရီးယားခေါင်းဆောင်သစ်ရဲ့ကတိကဝတ် အာဒိုဂန်ချီးကျူး
၃။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မည်ဖြစ်ကြောင်းနှင့် ပါလက်စတိုင်းဒုက္ခသည်များအတွက် ရန်ပုံငွေထောက်ပံ့မှုကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ထရမ့်ကြေညာ
၄။ အာတိတ်ဒေသအပူချိန် ပျမ်းမျှထက် 20°C (68°F) အထိ မြင့်တက်လာ
၅။ အီလွန်မက်စ်၏ ဝေဖန်မှုများကြောင့် လူသားချင်းစာနာမှုဆိုင်ရာအေဂျင်စီ (USAID)က ၎င်း၏ဝါရှင်တန်ရုံးချုပ် ပိတ်ထားလိုက်ခြင်းကို ဒီမိုကရက်များက ပြင်းပြင်းထန်ထန် ဝေဖန်
၆။ ရုရှား၏ ကာ့စ်ဒေသတွင် ဖြန့်ကြက်ထားသော မြောက်ကိုရီးယားစစ်သားများ ဇန်နဝါရီလလယ်ကတည်းက ယူကရိန်းစစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခြင်းမရှိတော့ဟု တောင်ကိုရီးယား ပြောကြား
အားကစားသတင်းများ
၁။ ဆီးဂိမ်းပြိုင်ပွဲနှင့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် နည်းပြသစ်များ ခန့်အပ်
၂။ ရန်ကုန်ယူနိုက်တက် ယူ-၂၀ အသင်း ဂိုးသမား ကောင်းကင်ကြယ်အား ရန်ကုန်တိုင်းအသင်းက (၂)နှစ် စာချုပ်ဖြင့် ခေါ်ယူ
၃။ Svay Rieng FC နှင့် တွေ့ဆုံမည့်ပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားသည်ဟု ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ဟီရို ပြော
၄။ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲ ကျင်းပမည်
၅။ မြန်မာနိုင်ငံ ဘောလုံးအဖွဲချုပ် နွေရာသီ လူငယ် အခြေခံ ဘောလုံးသင်တန်းနှင့် အခြေခံဖူဆယ် သင်တန်းများ မတ်လတွင် ဖွင့်လှစ်မည်
အနုပညာသတင်းများ
၁။ ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်တိုပါဝင်သရုပ်ဆောင်ထားတဲ့ “မျက်နှာဖုံး” ဇာတ်လမ်းတွဲ Spotlight Event ပွဲ အခမ်းအနား ကျင်းပ
၂။ အကယ်ဒမီဆုကို မေမီကိုကို၊ ဝတ်မှုန်ရွှေရည်နဲ့ မိုးဟေကိုတို ခန့်မှန်းပါတယ် ဆိုတဲ့ မေလန်း
၃။ ပရိသတ်ထင်ကြေးပေးတဲ့အတိုင်း မေမြင့်မိုရ် အကယ်ဒမီဆုထပ်ရခဲ့မယ်ဆိုရင် အတိုင်းမသိဝမ်းသာတယ် ထပ်ဆင့်ဆုဖြစ်သွားမယ် ဆိုတဲ့ သျှင်းမြတ်