ရှရွတ်ခန်း ရိုက်သမျှဇာတ်ကားတွေထဲမှာ ကုန်ကျစရိတ်အများဆုံးဇာတ်ကားဖြစ်တဲ့ Jawan

ချစ်ပရိသတ်တွေ ဘုရင်ခန်းလို့ ချစ်စနိုးခေါ်ကြတဲ့ နာမည်ကျော်ဘောလိဝုဒ်မင်းသာရှရွတ်ခန်းဟာဆိုရင် ထွက်သမျှ သူ့ရဲ့ဇာတ်ကားတိုင်းက ရုပ်ရှင်ချစ်ပရိသတ်တွေနှစ်ခြိုက်ပြီး အောင်မြင်တာချည်းပါပဲ။ အခုနှစ်ထဲ ရုံတင်ပြသခဲ့တဲ့ Pathaan ဇာတ်ကားဆိုရင်လည်း Box Office မှာ အောင်မြင်မှုအကြီးအကျယ်ရခဲ့တာပါပဲ။ မကြာခင်မှာ သူ့ရဲ့ နောက်ထပ်ဇာတ်ကားအသစ်ထွက်ရှိလာဦးမှာပါ။ Jawan ဆိုတဲ့ ဇာတ်ကားဖြစ်ပြီး စက်တင်ဘာ ၇ ရက်နေ့မှာ ရုံတင်ပြသမှာပါ။

Jawan ရုပ်ရှင်ဇာတ်ကားအသစ်က လက်ရှိအချိန်အထိ ရှရွတ်ခန်းပါဝင်ခဲ့သမျှ ရိုက်ခဲ့သမျှ ဇာတ်ကားတွေထဲမှာ ကုန်ကျစရိတ်အများဆုံးဇာတ်ကားပါ။ ဒီဇာတ်ကားရဲ့ထုတ်လုပ်ရေးကုန်ကျစရိတ်က ဒေါ်လာ၃၆သန်း ကျော်ရှိပြီး အက်ရှင်ကားပါ။ ဒီဇာတ်ကားမှာ ရှရွတ်ခန်းက နှစ်ကိုယ်ခွဲဇာတ်ရုပ်ကို သရုပ်ဆောင်ထားတဲ့အပြင် နာမည်ကြီးမင်းသမီး ဒီပီကာပက်ဒူကုန်းကလည်း အထူးဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။မင်းသားကြီး ရှာရွတ်ခန်း ရဲ့ JAWAN – Official Trailer ကိုအောက်မှာ ကြည့်ရှုနိုင်ပါတယ်။

ဇာတ်ကားနမူနာမှာလည်း ဇာတ်အိမ်နဲ့ပတ်သက်ပြီး အများကြီးတော့ ထုတ်ပြမထားပါဘူး။ စက်တင်ဘာ ၇ ရက်နေ့ကျ ဒီဇာတ်ကား ရုံတင်ပြသတဲ့အခါ အက်ရှင်ဇာတ်ကားပရိသတ်တွေနဲ့ ရှရွတ်ခန်းပရိသတ်တွေ နှစ်ခြိုက်အားရမယ့်ဇာတ်ကားဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။

အခုနှစ် ရှရွတ်ခန်းပါဝင်ထားတဲ့ ဇာတ်ကားတွေက Pathaan နဲ့ Jawan ဇာတ်ကားတွေအပြင် Danki ရုပ်ရှင်ကားကလည်း အခုနှစ် ဒီဇင်ဘာလထဲ ထွက်ရှိမယ်လို့ သိရပါတယ်။

Ref: Shah Rukh Khan’s film ‘Jawan’ is his most expensive film yet

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မန္တလေးတိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနရုံးလက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခံရပြီး ပေါက်ကွဲမှုဖြစ်ပွား
Next post ရန်ကုန် ရန်ကင်းမြို့ရှိ ရေမြောင်းထဲမှာ ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတွေ့ရှိခဲ့