မြန်မာ့ရိုးရာ လက်ဝှေ့ကို အခြေခံထားတဲ့ အက်ရှင်ဇာတ်လမ်းမှာ မေဇင်ဆိုတဲ့ကာရိုက်တာကို စိတ်ဝင်စားလို့ လက်ခံရိုက်ကူးဖြစ်တာပါဆိုတဲ့ မေမီကိုကို
“ရင်နှင့်ရင်း၍” ရုပ်ရှင်ဇာတ်ကားကြီးမှာ မေမီကိုကိုက မြန်မာ့ရိုးရာတလက်ဝှေ့ကို အခြေခံထားတဲ့ အက်ရှင်ဇာတ်လမ်းရဲ့ မေဇင်ဆိုတဲ့ကာရိုက်တာကို စိတ်ဝင်စားလို့ လက်ခံရိုက်ကူးဖြစ်တာပါလို့ ဆိုပါတယ်။
“ဒီကားမှာ ကျွန်တော်က မေဇင်ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင်မှာပါ။ ကိုယ်က အစ်မကြီး အမိအရာ ဆိုသလိုပေါ့။ မိခင်မေတ္တာ ငတ်မွတ်နေတဲ့ မောင်နှမနှစ်ယောက်အတွက် အရိပ်တစ်ခုအနေနဲ့ အကောင်းဆုံး ကြိုစားတဲ့ နေရာမှာ ပါဝင်ထားပါတယ်။ ဒီကားမှာ ပါဝင်ဖြစ်တာက ဆရာမ မသီရိအောင်ရဲ့ ကမ်းလှမ်းချက်ကြောင့်ပါ။ ကိုယ့်အနုပညာမောင်နှမတွေ Team Work ကောင်းကောင်းနဲ့ လက်ဝှေ့ကားလေးရှိတယ်လို့ ပြောတာမို့ စိတ်ဝင်စားလို့ ကျွန်တော်က ပါဝင်ဖြစ်ခဲ့တာပါ။ လက်ဝှေ့နဲ့ ကျွန်တော်က သိပ်စိမ်းတဲ့အထဲမှာ မပါပါဘူး။ အရမ်းစိမ်းတဲ့အထဲ မပါဘူးဆိုတာက မြန်မာလက်ဝှေ့ မွေထိုင်း သင်ကြားခဲ့ဖူးတယ်။ တတိယမြောက်ဆုံမှတ် ကျွန်တော် ရိုက်တုန်းကဆိုရင် အက်ရှင်ပိုင်းနဲ့ မွေထိုင်းကို ကောင်းကောင်းလေ့လာခဲ့ဖူးတယ်။ မွေထိုင်းနဲ့ မြန်မာ့လက်ဝှေ့က ကွာခြားတယ်ဆိုတာတော့ ခုမှ သိရတာပါ။ မြန်မာ့လက်ဝှေ့ဆိုရင် Toxic Season 2 ဆိုရင် ကာရိုက်တာလက်ဝှေ့ထိုးရတာတွေ၊ ဂျာနယ်လစ် သတင်းထောက်ဖြစ်လို့လေ။ ဒီအခန်းတွေ ရိုက်ခဲ့ဖူးပါတယ်။ လက်ဝှေ့မှာတော့ သူ့ပညာနဲ့သူပေါ့။ လေ့လာစရာကတော့ မကုန်ပါဘူး။ အက်ရှင်ခန်းတွေအတွက်လည်း သေချာလေ့လာာခွင့်ရလို စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လေးပါ”လို သရုပ်ဆောင် မေမီကိုကိုကပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း Kuangli Xie ၊ ဇာတ်ညွှန်း မင်းမူပိုင်တို့က ရေးသားထားပြီးတော့ ဒါရိုက်တာ အောင်ချမ်းလူ က သရုပ်ဆောင်တွေဖြစ်တဲ့ အေးချမ်းမောင်၊ ဟင်နရီစံ၊ မင်းသူ၊ မိုက်မိုက်၊ မေမီကိုကို၊ Lဘောင်နူး၊ ရွှန်းလဲ့ကိုကို၊ မင်းဟိဏ်း စတဲ့သူတွေနဲ့ ရိုက်ကူး ပါဝင်ထားကြပါတယ်။
သူမကတော့ ရုပ်သံဇာတ်လမ်းတွဲတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပရိသတ်အားပေးမှု အခိုင်အမာရရှိနေသူလည်း ဖြစ်ပါတယ်။ လာမယ့် နိုဝင်ဘာ ၂၉ရက်မှာ ရုံတင်ပြသမယ့် “မောင့် ဆိုမီယာ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ထားသူလည်းဖြစ်ပါတယ်။