လာဘ်တွေကောင်းစေမယ့် အတိတ်နိမိတ်နဲ့ လာဘ်ကောင် ရွှေဇီးကွက်လေးဝတ်စုံကို Miss Universe 2024 ပြိုင်ပွဲကြီးမှာ National Costume အဖြစ်ဝတ်ဆင်ချပြမယ့် အလှမယ် သက်စံအန်ဒါဆန်

မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် သက်စံအန်ဒါဆန်ကတော့ မက္ကဆီကိုနိုင်ငံမှာ အိမ်ရှင်အဖြစ်နဲ့ ကျင်းပနေတဲ့ Miss Universe 2024 ပြိုင်ပွဲကြီးမှာတော့ National Costume ကို လာဘ်တွေကောင်းစေမယ့် အတိတ်နိမိတ်နဲ့ လာဘ်ကောင် ရွှေဇီးကွက်ဝတ်စုံလေးနဲ့ ဝတ်ဆင်ချပြဖို့ရှိတယ်လို့ သိရပါတယ်။

လာဘ်ကောင် ရွှေဇီးကွက်လေးကတော့ မြန်မာတို့ရဲ့ ချစ်စရာအယူအဆ ဓလေ့လေးတစ်ခုအဖြစ် မြန်မာ့လက်မှုပညာ နဲ့လုပ်ထားတဲ့ ရိုးရာ ရွှေရောင်ဇီးကွက်ရုပ်လေးတွေကို ငွေဝင်စေတဲ့ လာဘ်ကောင်လေးအဖြစ် အိမ်ရဲ့ဧည့်ခန်းတွေ၊ စျေးဆိုင်တွေနဲ့ စျေးရောင်းတဲ့ချိန်ခွင်တွေမှာ အလှထားချိတ်ဆွဲလေ့ရှိကြပါတယ်။ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ချစ်စရာကောင်းတဲ့ ဇီးကွက်လေးတွေကို လာဘ်ခေါ်အရုပ်လေးအနေနဲ့ ချိတ်ဆွဲကြတဲ့အပြင် ကိုယ့်ရဲ့အိမ်ထဲကို ဇီးကွက်လေးတွေ ဝင်ရောက်လာရင်လည်း ငွေကြေးတွေဝင်ရောက်တော့မယ့် အတိတ်နိမိတ်အဖြစ်မှတ်ယူကြပြီး ဇီးကွက်လေးကို ရွှေရေငွေရေလောင်းပြီး ပြန်လွှတ်လေ့ရှိကြပါတယ်။ ဒါကြောင့်မို့ အများပြည်သူအတွက် လာဘ် လာဘ အတိတ်နိမိတ်ကောင်းများရစေရန်ရည်ရွယ်ပြီး ချစ်စရာ မြန်မာ့ရွှေဇီးကွက်လေးကို အမျိုးသားဝတ်စုံအဖြစ်နဲ့ ဒီဇိုင်နာ မြတ်ကလျာမျိုးက ဖန်တီးတင်ဆက်ထားတာ ဖြစ်ပါတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၅-၁၁-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ပေါက်ခေါင်း၊ ဒွကျေးရွာအုပ်ချုပ်ရေးမှူးကို ပေါင်းတည် PDF နှင့် ပေါက်ခေါင်းပကဖ သတ်ဖြတ်