Miss Grand Myanmar ရဲ့ National Director အသစ် ဖြစ်လာတော့မယ်လို့ ထင်ကြေးပေးခံရတဲ့ နီနီလင်းအိမ်
လက်ရှိ ပရိသတ်စိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ Miss Grand International ပြိုင်ပွဲကြီးတွေအတွက် မြန်မာပြည်က အလှမယ်နီနီလင်းအိမ်က Miss Grand Myanmar ရဲ့ National Director အသစ် ဖြစ်လာတော့မယ်လို့ ထင်ကြေး ပေးခံရတယ်ဆိုပြီး Grand MGI က ဖော်ပြလာပါတယ်။
ယခင် Miss Grand Myanmar ရဲ့ National Director ထူးအံ့လွင်ဟာ MGI Organization ရဲ့ National Director ဖြစ်ခဲ့တာပါ။ Miss Grand International 2024 ပြိုင်ပွဲကြီး ပြီးတဲ့နောက်မှာ Grand Final ပြိုင်ပွဲရဲ့ မမျှတမှုတွေကြောင့် National Director အဖြစ်ကနေ နုတ်ထွက်လိုက်ပြီလို့ Live လွှင့်ကြေညာခဲ့ပါတယ်။
အဲဒီနောက်မှာ MGI ဘက်ကို National Director ဖြစ်ဖို့ ကမ်းလှမ်းထားတဲ့ မြန်မာကုမ္ပဏီ (၂) ခုရှိနေပြီး ပါးပါးနာဝပ်နဲ့ ဆက်ဆံရေး အဆင်ပြေတဲ့ Miss Grand International 1st Runner Up ဆုရှင် နီနီလင်းအိမ်က National Director ဖြစ်လာမလားဆိုပြီး ထင်ကြေးပေးခံရတာကို တင်ထားတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီနာမည်တွေကိုတော့ အတိအကျဖော်ထုတ်ပြသထားခြင်း မရှိသေးပါဘူးလို့ သိရပါတယ်။
MGI က အဆိုပါ Post တင်ပြီးတဲ့နောက်မှာ “ကောင်းတာပေါ့။ ဆရာ့နေရာရောက်တော့ ကိုယ်ချင်းစာတတ်မှာ….။ သူမှားသည် မှန်သည်ဖြစ်စေ ဆရာဆိုတဲ့နေရာရောက်မှ နည်းနည်းခံစားတတ်မှာ” ၊ “နီနီက ထက်မြတ်ပြီး နောက်ခံရှိတယ်၊ မြင့်မြတ်တဲ့ မိသားစုက မို့လှပတယ်။ စင်္ကာပူက ဘွဲ့ရတယ်။ သူ့ကိုပံ့ပိုးရန်အဆင်သင့်ပါ” ၊ “ငါတော့ကောင်းတယ်ထင်တာပဲ၊ အဲဒါမှ ကိုယ်ချင်းစာတတ်ပြီးဝဋ်လည်မှာ။ ပြိုင်တဲ့ Missကတော့ တစ်ဘဝလုံး အဆဲခံရတော့မယ် Hehe good news။ တန်း Confirm ရင် လူတွေလက်ခံလား၊ မလက်ခံလား သိချင်လို့ Rumour လိုလိုအရင်လုပ် ပြီးမှကြည့်ပီးဆက်လုပ်မယ့်သဘော” ၊ “Baht 800 တန် Crown ပိုင်ရှင် Red red light home ကို ဂုဏ်ယူပါတယ်လို့” ၊ Nini လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်” စတာတွေ Comment မှာ အမျိုးမျိုးရေးသားထားကြပါတယ်။