ရွှေတောင်မြို့နယ်၌ တရုတ်မှော်ကျေးရွာစာရေးဖြစ်သူ ပစ်ခတ်ခံရ၍ သေဆုံး
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ မမဲကြီးကျေးရွာအနီး၌ တရုတ်မှော်ကျေးရွာစာရေးဖြစ်သူ ဦးအေးမင်းနိုင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ရွှေတောင်မြို့နယ်၊ တရုတ်မှော်ကျေးရွာနေ ကျေးရွာစာရေးဖြစ်သူ ဦးအေးမင်းနိုင်(၅၅) နှစ်သည် တရုတ်မှော်ကျေးရွာမှ ရင်းမူကုန်းကျေးရွာသို့ တရုတ်မှော်-ရင်းမူကုန်းသွားကျေးရွာချင်းဆက် မြေနီလမ်းအတိုင်း ဆိုင်ကယ်ဖြင့် တစ်ဦးတည်းမောင်းနှင်လာစဉ် မမဲကြီးကျေးရွာအနီးအရောက် အသင့် စောင့်နေသည့် အကြမ်းဖက်သမား နှစ်ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွား ခဲ့ကြောင်း သိရသည်။
ဦးအေးမင်းနိုင်အား မမဲကြီးကျေးရွာအနီးတွင် ပစ်ခတ်ခဲ့ရာ နားထင်နှင့် ရင်အုံထိမှန်ပြီး နေရာ၌ပင် သေဆုံးခဲ့ကြောင်း ပေါင်းတည်မြို့နယ် PDF အကြမ်းဖက်အဖွဲ့ PPDF-၃၆၀၁ တပ်ရင်းမှ ထုတ်ပြန်ထားသည်။
More Stories
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် တန်ဆောင်တိုင် မီးထွန်းပွဲတော် မီးပုံးပျံငယ် အလုံး ၅၀၀ ကို လွှတ်တင်ပူဇော်
ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တန်ဆောင်တိုင် မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ကြောင်း သိရသည်။ ယင်းပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၃ ရက် ညနေပိုင်းတွင် မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်အ တွင်းရှိ ရေပန်း...
၂၀၂၄ ခုနှစ် မာရဝိဇယကျောင်းတော် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ နစက ဥက္ကဋ္ဌ တက်ရောက်
ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မာရဝိဇယဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်းရှိ မာရဝိဇယကျောင်းတော် ၂၀၂၄ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို (နိုဝင်ဘာ ၁၃ ရက်) နံနက်ပိုင်းတွင် အဆိုပါ မာရဝိဇယကျောင်းတော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက်...
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ မဟာဘုံကထိန် အလှူတော်သို့ နစက ဥက္ကဋ္ဌ တက်ရောက်
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိ သားစုများ၏ ၂၀၂၄ ခုနှစ် မဟာဘုံကထိန်အလှူတော်မင်္ဂလာအား နိုဝင်ဘာ ၁၂ ရက်နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အနော်ရထာခန်းမ၌ကျင်းပရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး တို့တက်ရောက်ခဲ့သည်။ အခမ်းအနားသို့...
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်ခဲ့ပြီး နစက ဥက္ကဋ္ဌ တက်ရောက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၄ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၊ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့်...
တောင်ကြီးမီးပုံပျံပွဲတော်ကွင်း ဖွင့်ပွဲ ယနေ့ကျင်းပပြုလုပ်
တောင်ကြီးမြိုတွင် ယနေ့ နိုဝင်ဘာ (၁၁) ရက် ၊ ညနေပိုင်းအချိန်၌ မီးပုံပျံပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်လျက် ရှိကြောင်း သိရပါတယ်။ သိုသော် ယနေ့ ညနေပိုင်းအချိန်တွင် မိုးရွာသွန်းနေသဖြင့် မီးပုံပျံကွင်းသို သွားသည့်လမ်းတလျှောက် ယာဉ်ကြောပိတ်ဆိုမှုများလည်း ဖြစ်ပွားနေကြောင်း သိရသည်။...
နစက ဥက္ကဋ္ဌ သွားရောက်ခဲ့သည့် တရုတ်ခရီးစဉ်သည် မြန်မာပြည်သူလူထု၏ လူမှုစီးပွားဘဝ မြင့်တက်စေရေး အတွက် အထူးကိုပဲ အောင်မြင်တဲ့ ခရီးစဉ်တစ်ခုဖြစ်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းပြော
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေနှင့် ဒီလ ၅ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ တရုတ်နိုင်ငံမှာ တရုတ်အစိုးရ၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့သည်။ (၈)ကြိမ်မြောက် မဟာမဲခေါင်ဒေသ (ဂျီအမ်အက်စ်) အစည်းအဝေး၊ (၁၀)ကြိမ်မြောက် (အက်မက်စ်) အစည်းအဝေး ဧရာဝတီ -...