မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပူးပေါင်းပြီး QIP စီမံကိန်း (၅)ခု လက်မှတ်ရေးထိုး

မြန်မာအစိုးရနှင့် အိန္ဒိယအစိုးရတို့အကြား နှစ်နိုင်ငံပူးပေါင်းပြီး အမေရိကန်ဒေါ်လာ (၂၅၀၀၀၀)တန်ဖိုးရှိသည့် စီမံကိန်း (၅)ခုကိုအကောင်အထည်ဖော်ရန် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ယင်းစီမံကိန်း လက်မှတ်ရေးထိုးပွဲကို ယမန်နေ့ အောက်တိုဘာ (၁၄) ရက်က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၁) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကာ မြန်မာနိုင်ငံကို ယခုနှစ်အတွင်း ဒေါ်လာ ၅၀၀, ၀၀၀ ဖိုးအထိ ကူညီမည်ဟု အိန္ဒိယအစိုးရက ကတိပြုချက်ကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်ထားသေးသည်။

QIP စီမံကိန်းငါးခုသည် စိုက်ပျိုးရေး၊သက်မွေးပညာ၊အမျိုး သမီးနှင့် ကလေးငယ်များ ဖွံ့ဖြိုးတိုးတက်ရန်နှင့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန တည်ထောင်ရန် နားလည်မှုစာချွန်လွှာ MOU (၅) စောင်လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ သဘောတူညီမှုများအရ တောင်သူများအတွက် အခြောက်ခံစက်နှင့် အခြောက်ခံစက်ထားရန်အ ဆောက်အဦ ထားရှိဖို့သဘောတူညီချက်၊ အဆင့်မြင့်စိုက်ပျိုးရေး သုတေသနနှင့် ပညာရေးဗဟိုဌာနဗဟုသုတဘဏ် တည်ထောင်ခြင်း စီမံချက်၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံအောက်ရှိ ရက်ကန်းနှင့် အသက်မွေး ပညာကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးစီမံချက်၊ မန္တလေးတိုင်းဒေသကြီးရှိ အမျိုးသမီး ကလေးများကျောင်းအတွက် တစ်ထပ်အဆောက်အဦ ဆောက်လုပ်ခြင်းစီမံချက်၊ ရန်ကုန်တိုင်းဒေသကြီး၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန တည်ထောင်ခြင်းစီမံချက်တို့ကို အကောင်အထည်ဖော်လုပ်ဆောင်သွားမည် ဖြစ်သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၅-၁၀-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post နိုင်ငံ့အကျိုးအတွက် တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းတွင် ပါဝင်ကြရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်း