လှိုင်သာယာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကို GVW PDF အဖွဲ့က ယနေ့ လုပ်ကြံခဲ့ဟု သတင်းထုတ်ပြန်

လှိုင်သာယာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးကျော်သူဝင်းနှင့် ယာဥ်မောင်းကို GVW PDF(Golden Valley Warriors) အဖွဲ့က ယနေ့ လုပ်ကြံခဲ့သည်ဟု သတင်းထုတ်ပြန်လာသည်။

အဆိုပါလုပ်ကြံမှုကို လှိုင်သာယာတွင် ယနေ့ နံနက် ၉ နာရီ ဝန်းကျင်၌ ပြုလုပ်ခဲ့သော Mission အောင်မြင်ခဲ့ပြီး PDF များ လုံခြုံပြီ ဖြစ်သည်ဟုလည်း ဖော်ပြသည်။ ထို့အတူ လုပ်ကြံသတ်ဖြတ်မှုကျုးလွန်သည့် GVW ကို ထောက်ခံအားပေးသော မီဒီယာများတွင်လည်း လှိုင်သာယာမြို့နယ်၊ ၁၁ ရပ်ကွက်တွင် ယနေ့နံနက်ပိုင်း ၉ နာရီခန့်က လှိုင်သာယာမြို့နယ် အနောက်ပိုင်းစီမံအုပ်ချုပ်ရေးကောင်စီဝင် အဖွဲ့ဝင် (၂) ဦးကျော်သူဝင်း(ခ) ရွှေမန်းနှင့် ကိုယ်ရေးအရာရှိတို့ကို Golden Valley Warriors ရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း၊ လက်ရှိတွင် ဦးကျော်သူဝင်း(ခ) ရွှေမန်းနှင့် ၎င်း၏ကိုယ်ရေးအရာရှိ တို့ကိုဆေးရုံကားဖြင့်သယ်ဆောင်သွားကြောင်း၊ ဦးကျော်သူဝင်း (ခ) ရွှေမန်းမှာ ရင်ဘတ်ဖောက်ဝင် ဒဏ်ရာ ၂ ချက် ၊ ဝဲလက်ဖဝါးဖောက်ဒဏ်ရာ ၁ ချက် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ၎င်း၏ ကိုယ်ရေးအရာရှိမှာ ဦးခေါင်းဖောက်ဝင် ဒဏ်ရာ ၂ ချက် ရရှိခဲ့ကာ လူနာတင်ယာဉ် ၂ စီးဖြင့် ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ဖော်ပြထားသည်။

သို့သော် လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သော မီဒီယာများတွင်မူ “လှိုင်သာယာအ​နောက်ပိုင်းမြို့နယ်၊(၁၁) ရပ်ကွက်၊​ အောင်မင်္ဂလာ​ကျောင်းဝိုင်း၊ မုခ်ဦးလမ်း​ဘေး၊သာသနာ့ဝုဃိသိမ်​တော်ကြီးဝင်းအတွင်းတွင်​အောက်တိုဘာ ၁၃ ရက် နံနက် ၉ နာရီ ၁၅ မိနစ်အချိန်၌ လှိုင်သာယာအ​နောက်ပိုင်းမြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင်ဦး​ရွှေမန်းကို PDF အကြမ်းဖက်သမားက​သေနတ်ဖြင့်ပစ်ခတ်ခဲ့​ကြောင်း၊ ဦး​ရွှေမန်းသည်သိမ်​တော်ကြီးအတွင်း သန့်ရှင်း​ရေးပြုလုပ်ရန် အ​ဖော်နှစ်ဦး၊ ယာဥ်​မောင်း တို့နှင့်အတူ သိမ်​တော်ကြီး​ရှေ့တွင်ကားရပ်ပြီး ကား​ပေါ်မှဆင်းချိန်တွင် အသက် ၂၅ နှစ်ခန့် အင်္ကျီအညိုကွက်၊ ပုဆိုး ဝတ်ဆင်ထားပြီး Mask အမဲတပ်ထားသည့် PDF အကြမ်းဖက်သမားက ယာဥ်၏​ခေါင်းပိုင်းသို့လမ်း​လျောက်လာပြီး ပစ္စတိုဖြင့် ၈ ချက်ပစ်ခတ်ခဲ့ရာ ပစ်ခတ်မှု​ကြောင့် ယာဥ်​မောင်းသန့်ဇင်ထက်တွင် ဝဲရင်အုံတစ်ချက်၊ ဝဲလက်​မောင်းတစ်ချက် ကျည်ထိ ဒဏ်ရာများရပြီး ဦး​ရွှေမန်းကိုထိမှန်ခြင်းမရှိ​ကြောင်း၊ ကျည်ထိမှန်ဒဏ်ရာရ​သောယာဥ်​မောင်းကို လှိုင်သာယာ​ဆေးရုံ
သို့ ပို့​ဆောင်ထားပြီး ပစ်ခတ်သွား​သောအကြမ်းဖက်လူသတ်သမားကိုပိတ်ဆို့ရှာ​ဖွေ​နေ​ကြောင်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post One Man Show & Birthday Celebration ပြုလုပ်မည့် အစ္စဏီ
Next post (၁၄-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်