(၁၄-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၄-၁၀-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ြည်တွင်းသတင်းများ

၁။ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများရပ်တန့်ရန်အတွက် တွန်းအားပေး ကူညီပေးရန် အာဆီယံမိတ်ဖက်အဖွဲများကို စင်ကာပူဝန်ကြီးချုပ် တောင်းဆို

၂။ မြန်မာပဋိပက္ခ အဆုံးသတ်ရေးနှင့် တောင်တရုတ်ပင်လယ် ကိုဓဥပဒေ သဘောတူညီချက်အမြန်ရရေးအာဆီယံ တိုက်တွန်း

၃။ ရေဘေးကြောင့်ပျက်စီးခဲ့ရမှုများကို ပြန်လည်ပြုပြင်ခြင်းအား ၂၀၂၅ ခုနှစ်၊ မတ်လမတိုင်မီ ပြီးစီးအောင်ဆောင်ရွက်လျက်ရှိ

၄။ လွိင်ကော်ရှိ တက္ကသိုလ်များကို နိုဝင်ဘာ ၂၁ ရက်နှင့် ပညာရေးဒီဂရီကောလိပ်ကို လာမည့် အောက်တိုဘာ ၁၅ ရက်တွင်ပြန်လည်ဖွင့်လှစ်မည်

၅။ ဆင်းရဲမွဲတေမှု လျှော့ချရန်အတွက် မဲခေါင်-လန်ချန်းရန်ပုံငွေဖြင့် မြန်မာနိုင်ငံတွင် စံပြကျေးရွာစီမံကိန်းများစတင်လုပ်ဆောင်

၆။ သီတင်းကျွတ်ပိတ်ရက်များတွင် ရန်ကုန်၊ ပြည်၊ မော်လမြိုင်ခရီးစဉ်အတွက် ပုံမှန်ရထားများအပြင် အထူးရထားများကို တိုးချဲ့ပြေးဆွဲသွားမည်

၇။ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြိုနယ်၌ နေအိမ်တိုက်ခန်းအတွင်း ဝင်ရောက်ကာ အမျိုးသမီး ၁ ဦးအား သတ်ဖြတ်၍ လုယက်မှုကျူးလွန်သူတရားခံ အမျိုးသား ၃ ဦးအား ဖော်ထုတ်ဖမ်းဆီးရမိ

၈။ အောက်တိုဘာလ ၁၃ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၃၅၆,၈၃၉ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၁၀၀ ကျပ်၊ Octane 95 – ၃၃၀၅ ကျပ်၊ Diesel – ၂၆၉၀ ကျပ်၊ Premium Diesel – ၃၃၄၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ တရုတ်ဝန်ကြီးချုပ် လီချန် ဗီယက်နမ်သို တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေ

၂။ ကလေးငယ် ငါးဦး သေဆုံးခဲ့ခြင်းကြောင့် Fisher Price က Snuga Swings ကလေးပုခတ် အရေအတွက် ၂ သန်းကို ပြန်လည်သိမ်းဆည်း

၃။ ဒေါ်နယ်ထရမ့်ကို ကျန်းမာရေးပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့ ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်

၄။ ဆီးရီးယားရဲ့နယ်မြေစိုးမိုးရေးကို ကာကွယ်ဖိုအတွက် ရုရှား၊ ဆီးရီးယား နဲ့ အီရန်တိုက ထိရောက်တဲ့အစီအစဉ်တွေကို လုပ်ဆောင်သင့်တယ်လို တူရကီသမ္မတပြော

၅။ တောင်ကိုရီးယားရဲ့ဒရုန်းတွေ နယ်စပ်ဖြတ်ကျော်လာမယ်ဆိုရင် ဆိုးရွားတဲ့ဘေးအန္တရာယ်တွေကြုံရမယ်လို ကင်ယိုဂျုံ သတိပေး

၆။ DPR ၏ Dzerzhynsk ဒေသမှ တပ်များကို ယူကရိန်း စတင်ရုပ်သိမ်း

အားကစားသတင်းများ

၁။ ရန်ကုန် ယူနိုက်တက်အသင်းနှင့် တိုက်စစ်မှူး လမင်းထွေးတို နှစ်ဘက်သဘောတူစာချုပ် ဖျက်သိမ်း

၂။ ရှမ်းယူနိုက်တက်အသင်းက ကွင်းလယ်ကစားသမား အောင်နိုင်ဝင်းကို ဒဂုံစတားယူနိုက်တက်အသင်းသို အငှားချ ပြန်

၃။ ဖီဖာနိုင်ငံတကာ‌ ခြေစမ်းပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်အသင်းနှင့် သီရိလင်္ကာလက်ရွေးစင်အသင်းတို ယှဉ်ပြိုင်ကစားရာတွင် နှစ်သင်းစလုံးဂိုးမရရှိဘဲ သရေရရှိခဲ့ကြ

၄။ ဝါရင့်နောက်ခံလူ ဟယ်ရီမက်ဂွိင်းယားကို ရောင်းချတော့မယ်လို မန်ချက်စတာယူနိုက်တက်ပြော

၅။ ဆားဘီးယား တင်းနစ်အကျော်အမော် နိုဗက်ဂျိုကိုဗစ်ဟာ ရှန်ဟိုင်းမာစတာ ပြိုင်ပွဲတွင် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့

အနုပညာသတင်းများ

၁။ ၁၀၄နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ နှင့် ၄၇ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပ

၂။ One Man Show & Birthday Celebration ကို လက်ရှိကာလမှာလုပ်ရတဲ့အတွက် နားလည်ပေးပါဆိုတဲ့ အစ္စဏီ

၃။ သီချင်းခွေထုတ်တာက စွန့်စားရသလို ဒီဘက်ခေတ်မှာ သီချင်းသစ်တွေက ထိုးဖောက်ရလည်း ခက်ခဲပါတယ် ဆိုတဲ့ ချန်ထူး

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လှိုင်သာယာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကို GVW PDF အဖွဲ့က ယနေ့ လုပ်ကြံခဲ့ဟု သတင်းထုတ်ပြန်
Next post (၁၄-၁၀-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ