မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်
မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်သည် အောက်တိုဘာ ၇ ရက် နံနက် လေးနာရီခန့်က မန္တလေးဆေးရုံကြီး ၌ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိသည်။ ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးဆေးရုံကြီးတွင် ကင်ဆာရောဂါ ဝေဒနာကြောင့် ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
NLD ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာဇော်မြင့်မောင် သည် ကွယ်လွန်ချိန်တွင် အသက် ၇၂ နှစ်ရှိပြီဖြစ်ကြောင်းသိရသည်။ ဒေါက်တာဇော်မြင့်မောင်သည် အဂတိမှုအပါအဝင် အမှုပေါင်း ၁၀ခုဖြင့် ထောင်ဒဏ်၂၉ နှစ်ကျခံလျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၆-၁၀-၂၀၂၄ ရက်နေ့ ရက်စွဲပါစာအမှတ်၊ ၁၀၂(၁)/၈/ကောင်စီ (၂ဝ၂၄) ဖြင့် ပြစ်ဒဏ်များအပေါ် လျော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။ မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင် နေစဉ်ထဲက ကင်ဆာရောဂါအား ခံစားနေရသူဖြစ်ပြီး ကုသမှုများအား ခံယူနေရသူဖြစ်ကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် တွင် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။
More Stories
Naypyitaw State Polytechnic University စတင် ဖွင့်လှစ်
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် ထူးခြားဆန်းသစ်စေပြီး နိုင်ငံ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်လာစေမည့် Naypyitaw State Polytechnic University အား နေပြည်တော်၌ နိုဝင်ဘာ ၂၁ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ အခမ်းအနားတွင် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး...
နိုင်ငံရေးပါတီ (၅၀)ကျော် မကြာမီအစည်းအဝေး ပြုလုပ်မည်
နစကအစိုးရက ပြန်လည်ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ မှတ်ပုံတင်ခွင့် ပြုချက်ရရှိပြီးဖြစ်သည့် နိုင်ငံရေးပါတီပေါင်း (၅၀)ကျော်သည် မကြာမီတွင် အစည်းအဝေး ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ယင်းအစည်း အဝေးကို အွန်လိုင်းမှတစ်ဆင့်ပြုလုပ်သွားမည်ဖြစ်ပြီး တန်ဆောင်တိုင်ကာလအပြီး နိုဝင်ဘာလကုန်ပိုင်းတွင် ပြုလုပ်သွားရန် ပြင်ဆင်ထားကြောင်းလည်း သိရပါတယ်။ နိုင်ငံရေးပါတီများကြားမှာ...
ရွေးကောက်ပွဲကျင်းပပြီး သိက္ခာရှိသည့် လွှတ်တော်ကို ဖော်ဆောင်မည်
မိမိတို့အနေဖြ်င့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး သိက္ခာရှိ သည့် ရွေးကောက်ပွဲနှင့် သိက္ခာရှိသော လွှတ်တော်တစ်ရပ်ကို ဖော်ဆောင်ပေးနိုင်ရမည်ဟု နစကဥက္ကဋ္ဌက ပြောသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အား ပြန်လည်ကျင်းပ၍...
မင်းလှမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး
ပဲခူးတိုင်း(အနောက်ခြမ်း)၊ မင်းလှမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး သွားကြောင်း သိရသည်။ နိုဝင်ဘာ ၁၉ ရက်၊ နံနက်ပိုင်းက ဖြူးကွင်ကျေးရွာတွင်နေထိုင်သည့် ညောင်းကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးအာကြီး (ခ)ခင်ထွန်းထွန်းလွင်သည် မင်းလှဘက်သို့ဆိုင်ကယ်စီးလာစဉ် ချောင်းနာရွာတောင်ဘက်ထိပ်အနီးတွင် သေနတ်ဖြင့်ပစ် ခတ်ခံရခြင်းဖြစ်ကြောင်း...
ပုလဲအတွဲ ၂၈၀ ၊ ကျောက်မျက်အတွဲ ၁၆၀ နှင့် ကျောက်စိမ်း အတွဲ ၄၈၀၀ ရောင်းချမည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနား နစက ဥက္ကဋ္ဌ တက်ရောက်
၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၈ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့သည်။ နစက ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများသည်...
အမရပူရတွင် Denko စက်သုံးဆီဆိုင် ဓားပြတိုက်ခံရ
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ မုတ်ပုလဲကျေးရွာရှိ Denko စက်သုံးဆီအရောင်းဆိုင်ကို နိုဝင်ဘာ ၁၇ ရက်၊ မွန်းလွဲ ၂ နာရီ ၃၀ မိ နစ်တွင် အမည်မသိလူတစ်ဦးက သေနတ်ဖြင့်ခြိမ်းခြောက်ကာ ဓားပြတိုက်ခဲ့ကြောင်း သိရသည်။ Denko...