ရေဘေးသင့်ပြည်သူတွေအတွက် ကာလဒါန အလှူအနေနဲ့ ကျပ်သိန်း ၅၀ လှူဒါန်းခဲ့တဲ့ မိုးဟေကို

ပရိသတ်ချစ်ခင်မှုတွေများစွာ ရရှိထားတဲ့ သရုပ်ဆောင် မိုးဟေကိုက ရေဘေးသင့်ပြည်သူတွေအတွက် ကာလဒါန အလှူအနေနဲ့ ကျပ်သိန်း ၅၀ ကို ခိုင်နှင်းဝေဆီကတစ်ဆင့်လှူဒါန်းခဲ့ပါတယ်။ “ရေဘေးသင့်ပြည်သူတွေနဲ့ ရေဘေးသင့် ဒေသများ အတွက် မိုး နဲ့ မိုးပရိသတ်တွေရဲ့ ကာလဒါနအလှူအဖြစ် မခိုင်နှင်းဝေ Foundation ကို ဒီနေ့လှူဖြစ်ခဲ့တဲ့ အလှူလေး ဖြစ်ပါတယ်။ အားလုံးလည်း အခက်အခဲတွေကနေ အမြန်ဆုံး ကျော်လွှားနိုင်ကြပါစေလို့ မိုးက ဆုတောင်းပေး ပါတယ်နော်”လို့ သရုပ်ဆောင် မိုးဟေကိုက ပြောပါတယ်။

သူမကတော့ ရေဘေးသင့်ပြည်သူတွေ အခက်အခဲဖြစ်ပေါ်နေတဲ့အပေါ် စိတ်မကောင်းဖြစ်မိသလို အခက်အခဲတွေ ဖြတ်ကျော်နိုင်ဖို့လည်း ဆုတွေတောင်းနေတယ်လို့ ဆိုပါတယ်။ ခိုင်နှင်းဝေကတော့ ကျပ်သိန်း ၅၀၀၀ တိတိအလှူငွေ ရရှိသွားပြီမို့ သွားရောက်လှူဒါန်းမှုတွေ လုပ်ဆောင်နေပြီလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အင်းလေး ဖောင်တော်ဦးဘုရားပေါ်တွင် လူတစ်ရပ်စာ ရေနစ်မြုပ်နေပြီး၊ အင်းလေးဒေသတွင် အကူအညီများ လိုအပ်နေ ဟုဆို
Next post (၁၆-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်