(၁၆-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၆-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နစက ဥက္ကဋ္ဌ နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံဖြစ်ပေါ်ခဲ့မှုများနှင့် ပြန်လည်တည်ဆောက်နေမှုများစစ်ဆေးကာ ဒေသခံများကို ရင်းနှီးစွာတွေ့ဆုံ

၂။ “အငြိမ်းစားမိသားစုရဲ့အလှူငွေပါကွယ်”ဟုဆိုကာ သမ္မတ (ငြိမ်း)ဦးသိန်းစိန်မှ ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ်သိန်း(၃၀)လှူဒါန်းခဲ့

၃။ အားကောင်းသော မုန်တိုင်းငယ်မှာ နောက် (၄၈)နာရီအတွင်း အားလျော့သွားနိုင်သောကြောင့် တိုင်းနှင့် ပြည်နယ် (၆)ခုတွင်သာ မိုးထစ်ချုန်းရွာနိုင်တော့မည်

၄။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ရေဘေးသင့်ပြည်သူများအား လှူဒါန်းလိုပါက မြန်မာသံရုံး (ဘန်ကောက်)၊ ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်)တိုဖြင့် ဆက်သွယ် လှူဒါန်းနိုင်

၅။ ချောင်ချောင်ရွှေဆိုင်ကို ဓားပြတိုက်ပြီး ရွှေ ၁၀ ပိဿာကျော်နှင့် ကျပ်သိန်း ၁၀၀၀ ခန့်လုယက်သူ ၇ ဦးအနက် တရားခံ ၆ ဦးနှင့် ရွှေထည်များ ဖမ်းမိ၊ တရားခံတစ်ဦး လွတ်မြောက်နေ

၆။ ရေဘေးကြောင့် ‌သေဆုံးဒဏ်ရာရသူများ၊ အိမ်ဆုံးရှုးသူများကို စာရင်းကောက်ယူ ထောက်ပံ့ပေးသွားမည် ဟုဆို

၇။ ခရီးသည်ရေယာဥ်တစ်စီးအား PDF များပစ်ခတ်တိုက်ခိုက်၍ အမျိုးသမီးတစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရပြီး အမျိုးသားငါးဦးပျောက်ဆုံးနေ

၈။ စက်တင်ဘာလ ၁၅ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၁၁၇,၅၁၄ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၅၀ ကျပ်၊ Octane 95 – ၃၁၉၅ ကျပ်၊ Diesel – ၂၆၁၀ ကျပ်၊ Premium Diesel – ၃၂၇၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ထိုင်ဝမ်ရေလက်ကြားကို ဂျာမနီရေတပ်သင်္ဘောတွေဖြတ်သန်းသွားလာမှုက လုံခြုံရေးအန္တရာယ်တွေကို တိုးမြင့်စေတယ်လို တရုတ်အစိုးရ စွပ်စွဲပြောဆို

၂။ ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်က ရုရှားနဲ့စစ်ပွဲဖြစ်ပွားလိုနေတာဖြစ်တယ်လို ဒေါ်နယ်ထရမ့် စွပ်စွဲပြောဆို

၃။ စားနပ်ရိက္ခာရှားပါးနေသည့် ဇင်ဘာဘွေတွင် ဆင်အကောင်ရေ ၂၀၀ ကို သုတ်သင်သွားမည်ဟု အာဏာပိုင်များ ပြောကြား

၄။ ရုရှားနိုင်ငံအတွင်းပိုင်းသို ထိုးစစ်ဆင်ရန်အတွက် ယူကရိန်းအား ဂျာမန်လက်နက်များကို အသုံးပြုခွင့်မပေးဟု ဂျာမနီအဓိပတိ ပြောကြား

၅။ လုပ်ငန်းရှင်တစ်ဦးကို အမေရိက၏ ပိတ်ဆိုဒဏ်ခတ်မှု ကမ္ဘောဒီးယား ရှုတ်ချ

၆။ ရှန်ဟိုင်းသိုဝင်မည့် တိုက်ဖွန်းဘက်ဘင်ကာအတွက် တရုတ်နိုင်ငံပြင်ဆင်နေ

အားကစားသတင်းများ

၁။ YUFC အသင်းအင်္ကျီ ရောင်းချရငွေများအားလုံးကို ရေဘေးသင့် ပြည်သူများထံ လှူဒါန်းမည်

၂။ UFC 306 မှာ အချိန်တိုနဲ့လူစားဝင် ထိုးသတ်ရပေမဲ့ ပြိုင်ဘက်ကို အကြိတ်အနယ်ထိုးသတ်ပြီး အနိုင်ယူပြခဲ့တဲ့ Joshua Van

၃။ ရည်းစားဟောင်းရဲ့မီးရှိသတ်ဖြတ်ခြင်းကို ခံခဲ့ရတဲ့ ယူဂန်ဒါ အိုလံပစ်အားကစားမယ် နာရေးအခမ်းအနား Military honors နဲ့ ပြုလုပ်

၄။ မေဂျာလိဂ်ဘေစ့်ဘောလိဂ် ကစားသမားများရဲ့ဦးထုပ်များမှာ ပထမဆုံးအကြိမ်အဖြစ် စပွန်ဆာအမှတ်တံဆိပ်များ ကြော်ငြာခွင့်ရမှာဖြစ်

၅။ အင်ဒီယားနား ဖီဗာ အသင်းရဲ့ကစားသမားဖြစ်သူ ကတ်တလင်း ခလတ် ဟာ ရမှတ်ဖန်တီးပေးမှုအများဆုံး အမျိုးသမီးဘတ်စကတ်ဘောသမားအဖြစ် မှတ်တမ်းဝင်

အနုပညာသတင်းများ

၁။ နေတိုးနဲ့ နော်ဖောအယ်ထားတိုအပြင် အနုပညာရှင်များစွာက ကိုယ်တိုင်ကိုယ်ကျ တပ်ကုန်းမြိုအနီး ရေဘေးအတွက် လှူဒါန်း

၂။ ရေဘေးဒုက္ခခံစားဖူးလို အများကြီးကိုယ်ချင်းစာမိတာကြောင့် မွေးနေ့အကြိုအနေနဲ့ ကျပ်သိန်း ၉၀ လှူဒါန်းခဲ့တဲ့ ခိုင်သင်းကြည်

၃။ ပျဉ်းမနားမြိုနဲ့ တပ်ကုန်းမြိုရှိ ရေဘေးသင့်ပြည်သူတွေကို သွားရောက်တွေ့ဆုံပြီး ထမင်း၊ ဟင်းနဲ့စားသောက်ကုန်တွေလှူဒါန်းခဲ့တဲ့ ခန့်စည်သူ

၄။ ရေဘေးအလှူအတွက် သီဆိုဖျော်ဖြေရင်း အလှူခံပေးခဲ့ကြတဲ့ အနုပညာရှင်များ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရေဘေးသင့်ပြည်သူတွေအတွက် ကာလဒါန အလှူအနေနဲ့ ကျပ်သိန်း ၅၀ လှူဒါန်းခဲ့တဲ့ မိုးဟေကို
Next post (၁၆-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ