တစ်ဦးချင်းဆုတံဆိပ်တွေနှင့်အတူ လိဂ်ဖလားချန်ပီယံ ဖြစ်လာတဲ့ မက်ဆီရဲ့ အင်တာမိုင်ယာမီ

ဩဂုတ်လ ၂၀ ရက်

မြန်မာစံတော်ချိန် နံနက် ၇:၃၀ မှာ နက်ရှ်ဗေးလ်နဲ့ အင်တာမိုင်ယာမီတို့ရဲ့ လိဂ်ဖလားပွဲ ယှဉ်ပြိုင်ကစားကြရာမှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ဖြင့် အင်တာမိုင်ယာမီ အသင်းက အနိုင်ရရှိကာ ဖလားတစ်လုံး ဆွတ်ခူးရရှိသွားခဲ့ပါတယ်။

ဆုဖလားလက်ခံရယူမယ့်အချိန်မှာတော့ မက်ဆီဟာ အသင်းခေါင်းဆောင်လက်ပတ်ကို အင်တာမိုင်ယာမီအသင်းဖော် အမေရိကန်ကစားသမား ယက်ဒ်လင်ကို ပေးခဲ့ပြီး သူနဲ့အတူ ဆုဖလားကို အတူတူကိုင်မြှောက်စေခဲ့ပါတယ်။ မက်ဆီရောက်မလာခင်မှာ ယက်ဒ်လင်က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။

နက်ရှ်ဗေးလ်နဲ့ အင်တာမိုင်ယာမီတို့ရဲ့ လိဂ်ဖလားပွဲ ပထမပိုင်းမှာတော့ အင်တာမိုင်ယာမီက ၂၃ မိနစ်မှာ မက်ဆီရဲ့သွင်းဂိုးနဲ့ စတင်ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်းမှ နက်ရှ်ဗေးလ်က ၅၇ မိနစ်မှာ ချေပဂိုး ပြန်လည်သွင်းခဲ့တာကြောင့် မိနစ် ၉၀ အတွင်း သရေကြခဲ့ရတာ ဖြစ်ပါတယ်။ ပွဲချိန်အပြီး ပင်နယ်တီအဆုံးအဖြတ်ကို ခံယူချိန်မှာတော့ ၉ ဂိုး ၁၀ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မက်ဆီဟာ ဒီပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ ဗိုလ်လုပွဲအထိ ပွဲတိုင်း ဂိုးသွင်းနိုင်ခဲ့တဲ့ မှတ်တမ်းကိုပါ ရရှိသွားခဲ့ပါတယ်။

လီယိုမက်ဆီဟာ လိဂ်ဖလားရဲ့ ဂိုးသွင်းအများဆုံးကစားသမားဆုကို သွင်းဂိုး ၁၀ ဂိုးနဲ့ ဆွတ်ခူးရရှိခဲ့သလို ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆု (Player of the Torunament) ကိုလဲ ထိုက်တန်စွာရရှိခဲ့ပါတယ်။

ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ အင်တာမိုင်ယာမီအသင်းရဲ့ ဂိုးသမား ကာလန်ဒါက ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံဖြစ်ခဲ့အပြီး မက်ဆီနဲ့အတူ လာရောက်အောင်ပွဲခံနေတဲ့ ဘက်ခမ်းကိုတွေ့ရပြီး ၎င်းရဲ့ အသင်းပိုင်ရှင်အဖြစ်နဲ့ ဆုဖလားတလုံးကို ပထမဆုံးအကြိမ်ဖြင့် ဆွတ်ခူး ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်ပြေးအဖြစ်နေထိုင်နေတဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို စုံစမ်းစစ်ဆေးနေတဲ့ ဗြိတိန်ရဲတပ်ဖွဲ့
Next post Myanmar Plaza၌ ပထမအကြိမ်Wedding Showပြုလုပ်