မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ် (၂)ကျင်းပ

စက်တင်ဘာလ ၃ ရက်

မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ် (၂)ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အဲဒီသင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ (၂)ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး တိုးချဲ့ရုံးအဆောက်အဦမှာ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကကျင်းပပြုလုပ်မယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နဲ့ ဆန္ဒမဲပေးနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိနေတာ ဖြစ်ပါတယ်။

ယခုပြုလုပ်တဲ့ သင်တန်းမှာ နောင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွေမှာ မဲမသမာမှုတွေ ထပ်မံမဖြစ်ပွားစေရေး စနစ်နဲ့ ထိန်းချုပ်ဆောင်ရွက်နိုင်ဖို လိုအပ်တဲ့ အတွက် (MEVM)မဲပေးစက်နဲ့ မဲစာရင်း ပြုစုရာမှာ မှန်မှန်ကန်ကန် တိတိကျကျဖြစ်စေမယ့် (Admin DEO ၊ CVLMS )စနစ်တွေကို ရေးဆွဲဆောင်ရွက်ရခြင်းဖြစ်တယ်လို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲဝင် ဦးအောင်လွင်ဦးက ပြောပါတယ်။

(MEVM)မဲပေးစက်ဖြင့်မဲပေးရာမှာ မဲလက်မှတ်တွေ မလိုအပ်ဘဲ တိတိကျကျ မှန်မှန်ကန်ကန်နဲ့ လွယ်ကူလျင်မြန်စွာ မဲပေးနိုင်မှာဖြစ်ကြောင်း၊ (MEVM )ကို အသုံးပြုပြီး ရွေးကောက်ပွဲမှာ မဲပေးဆောင်ရွက်ခြင်းနဲ့ မဲဆန္ဒရှင်ပြည်သူတွေ လွယ်ကူလျင်မြန်စွာဖြင့် သက်သောင့် သက်သာ မဲပေးနိုင်မှာဖြစ်ပြီး မဲရလဒ်တွေကိုလည်း တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ရရှိနိုင်မှာဖြစ်တယ်လို သိရပါတယ်။

အဲဒီသင်တန်းမှာ (MEVM)တည်ဆောက်ပုံ နည်းလမ်းတွေ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့မှာ မဲရုံမှာ မဲပေးစက် တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်း ပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုးသိမ်းဆည်းပုံတိုကို သင်ကြားပြသပေးသွားမှာဖြစ်တယ်လို သိရပြီး သင်တန်းကို စက်တင်ဘာ (၂ )ရက်က (၄)ရက်အထိ (၃)ရက်ကြာ ဖွင့်လှစ်သွားမှာဖြစ်တယ်လိုလည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အောင်လ နှင့် အာဒိုဂန် တို့ လာမည့် စက်တင်ဘာလ(၇)ရက်နေ့တွင် ယှဉ်ပြိုင်ထိုးသတ်ကြမည်
Next post (၃-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ