ဘားအံမြိုနယ်၊ သံလွင်မြစ်ကမ်းဘေး ကော့လှိုက်ကျေးရွာ၌ သံလွင်မြစ်ကမ်းပြိုကျမှု အရေးပေါ် မြစ်ကမ်းထိန်းလုပ်ငန်း များ ဆောင်ရွက်နေ

ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြစ်ရေချောင်းရေများ မြင့်တက်လာကာ ဘားအံမြို့နယ်၊ သံလွင် မြစ်ကမ်းဘေး ကော့လှိုက်ကျေးရွာအုပ်စုအတွင်း မြစ်ကမ်းပြိုကျမှုများဖြစ်ပွားခဲ့ရာ ပြည်နယ်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံဖြိုးရေးဦးစီးဌာနမှ အရေးပေါ် မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ပေးနေရကြောင်း သိရသည်။

ကော့လှိုက်ကျေးရွာအုပ်စုအတွင်း မြစ်ကမ်းပြိုကျမှုများဖြစ်ပွားခဲ့ရာ ဇူလိုင်(၂၈)ရက်မှ ဩဂုတ်(၂၇)ရက်အထိ လူနေအိမ် (၁၆) လုံးကို ဖယ်ရှားပြောင်းရွှေ့ပေးခဲ့ရပြီး သံလွင်မြစ် ကမ်းပြိုကျမှုကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကရင်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြစ်ကမ်းထိန်းလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။

ကော့လှိုက်ကျေးရွာ သံလွင်မြစ်ကမ်းပြိုကျမှုကို အရေးပေါ်ထိန်းသိမ်း ကာကွယ်နိုင်ရန် သံလွင်မြစ်ရေစီးနှုန်း အရှိန် လျှော့ချခြင်း၊ ရေစီးအရှိန်ကြောင့် ကမ်းပါးများ ရေတိုက်စားမှုလျော့ချခြင်း၊ ကမ်းပါးမက်စောက်မှုကို လျော့ချ၍ သဲနှုန်းများအနည်ထိုင်စေရန်(Steel Cable Groyle) အရှည် (၁၅၀)ပေ(၈)ခု၊ သဲအိတ်ဆွဲရေမျှော ဝါးဖောင် (၁၀၀)ပေ(၅)ခုတို့ကို ကရင်ပြည်နယ် အစိုးရအဖွဲ့အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်ဖြည့်စွက် ရန်ပုံငွေနှင့် ၂၀၂၅ – ၂ ၀၂၆ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ရန်ပုံငွေတို့တွင် ဘတ်ဂျက်လျာ ထား၍ မူလကမ်းပါးပြိုကျမှုများ ကာကွယ်နိုင်ရေးနှင့် ကမ်းပါးအသစ် ထပ်မံပြိုကျမှုကို ကာကွယ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ အရေးပေါ် မြစ်ကမ်းထိန်းလုပ်ငန်းများဆောင်ရွက်နေမှုကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်၊ ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဩဂုတ်(၂၉)ရက်က သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

ကော့လှိုက်ကျေးရွာ သံလွင်မြစ်ကမ်းပြိုကျမှုကြောင့် ဖယ်ရှားပြောင်းရွှေ့ခဲ့ရသော လူနေအိမ် (၁၆) လုံးအား ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ နေအိမ်အမျိုးအစားအလိုက် အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေ(၂၅၀၀၀၀ဝိ/)၊ ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး ထောက်ပံ့ငွေ (၁၇၂၂၈၄၈) ကျ ပ်၊ ဆန်ရိက္ခာတစ်ပတ်စာ ထောက်ပံ့ငွေ(၁၇၄၃၀ဝိ/-)ကျပ်၊ စုစုပေါင်း (၄၃၉၇၁၄၈)ကျပ်ကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကျေးရွာအရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မန္တလေးမြို့၌ ယာဉ်ကြောကျပ်တည်းသော လမ်းများတွင် မီးပွိုင့် ၆ ခု ထပ်မံတပ်ဆင်မည်
Next post နေပြည်တော်တွင် ဇလပ်ဝါပလာဇာ ဖွင့်လှစ်ခဲ့