ဒေါပုံတွင် ဘုရားမီးပူဇော်ထားသည့် ဖယောင်တိုင်မီး ကတစ်ဆင့် မီးကူးစက်လောင်ကျွမ်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဆေးစက်ရပ်ကွက်၊ သခင်မြ(၂)လမ်းတွင် သြဂုတ် ၂၅ ရက်၊ ည ၈ နာရီခွဲက ဘုရားမီး ပူဇော်ထားသည့် ဖယောင်တိုင်မီးကတစ်ဆင့် အနီးရှိကတ္တီပါစအား မီးကူးစက်ကာ လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားခြင်းကြောင့် နေအိမ်နှစ်လုံးနှင့် ကာလတန်ဖိုးကျပ်သိန်း ၃၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ရပြီး၊ မီးလောင်မှု ဖြစ်ပွားရာတွင် လူထိခိုက်ဒဏ်ရာရခြင်းမရှိခဲ့ကြောင်း သိရသည်။ “ဘုရားမီးပူဇော်ထားတဲ့ ဖယောင်တိုင်လဲပြီး အခင်း ကတ္တီပါစကို မီးကူးစက်လောင်ကျွမ်းတာကနေ တစ်အိမ်လုံးလုံး မီးလောင်ကျွမ်းသွားပါတယ်။ မီးလောင်မှုကို Level-1 အဆင့်သတ်မှတ်ခဲ့ပါတယ်။ ပျက်စီးဆုံးရှုံးမှုက ကာလတန်ဖိုး ကျပ်သိန်း ၃၀၀ ဖိုးလောက် ဆုံးရှုံးမှုရှိခဲ့ပါတယ်။” ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး ထံမှ သိရှိရပါသည်။

မီးလောင်ကျွမ်းမှုကြောင့် ပျဥ်ထောင်သွပ်မိုး နှစ်ထပ်အိမ်တစ်လုံးနှင့် ပျဥ်ထောင်နှစ်ထပ်အိမ်အပေါ်ထပ်တို့ မီးလောင်ဆုံးရှုံးခဲ့ ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၇-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၂၇-၈-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ