မြန်မာနိုင်ငံသို့ ၂၀၂၄ ခုနှစ် ပထမ ၇ လအတွင်း ပြည်ပ ခရီးသွား ၇ သိန်းနီးပါး ဝင်ရောက်

၂၀၂၄ ခုနှစ် ပထမ (၇) လတာကာလအတွင်း မြန်မာနိုင်ငံဆီကို နိုင်ငံခြားခရီးသွား ၇ သိန်းနီးပါး လာရောက်လည်ပတ်ခဲ့တယ် လို့ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဇော်မြင့်က ပြောပါတယ်။

ဒီပမာဏဟာ ယမန်နှစ်အလားတူကာလက ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားခရီးသွားဧည့်သည်ဦးရေ ၆၁၀,၀၀၀ နဲ့ နှိုင်းယှဉ်မယ်ဆို မြင့်တက်လာတဲ့ပမာဏဖြစ်သလို ခရီးသွား အများစုက တရုတ်၊ ထိုင်း၊ တောင်ကိုရီးယား၊ ဂျပန်စတဲ့ နိုင်ငံတွေက ဖြစ်တယ် လို့လည်း ဦးတင်ဇော်မြင့်က ပြောပြီး ယမန်နှစ်က မြန်မာနိုင်ငံဆီ ကမ္ဘာလှည့်ခရီးသွား ၁ သန်းကျော် လာရောက်ခဲ့တယ် လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ခရီးသွားကဏ္ဍမြှင့်တင်ဖို့အတွက်လည်း ကြိုးပမ်းနေပြီး ဒီနှစ် စက်တင်ဘာ ၂၇ ရက်မှာလည်း ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ကို ကျင်းပမှာဖြစ်ပြီး ၂၀၂၄ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အဖြစ် ကျပန်းစကားပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ ၊ ဆောင်းပါးပြိုင်ပွဲတွေနဲ့ ဓာတ်ပုံပြပွဲ၊ ခရီးသွားမှုမြှင့်တင်ရေး Short video clip ပြိုင်ပွဲတွေကို စီစဉ်ကျင်းပ မှာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၃-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ” ပန်းပျိုးသည့်လက် ” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး အခမ်းအနား ကျင်းပ