မြန်မာ့စီးပွား‌ရေးဘဏ်များတွင် အငြိမ်းစားများအတွက် လစဉ်အပိုထောက်ပံ့ကြေး (၃၀,၀၀၀) ကျပ်စတင်ထုတ်ပေးနေ

ဩဂုတ်လ (၂၁)ရက်တွင် မြန်မာ့စီးပွား‌ရေး ဘဏ်များ၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ အပိုထောက်ပံ့ကြေးငွေ (၃၀,၀၀၀)ကျပ်ကို စတင်ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်ခွဲ(၂)၊ လက်ထောက် အထွေထွေမန်နေဂျာ ဒေါ်ခင်လေးငယ်၏ ပြောကြားချက်အရ သိရသည်။

အစိုးရသည် နိုင်ငံတော်နှင့် ပြည်သူများ၏အကျိုးစီးပွားကို အစဉ်အလေးထား စီမံဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံ့ ဝန်ထမ်းများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိရာ နိုင်ငံ့ဝန်ထမ်းများ နိုင်ငံတော်၏ တာဝန် ထမ်းဆောင်ရာတွင် စားဝတ်နေရေးနှင့်သက်သာချောင်ချိရေးကို အထောက်အကူဖြစ်စေရန်အတွက် အခါအားလျော်စွာ လစာနှုန်းထားတိုးမြှင့်ခြင်းနှင့် အပိုထောက်ပံ့ကြေးခံစားခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ နိုင်ငံ့ ဝန်ထမ်းများအား လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦး လျှင်တစ်လကျပ် (၃၀,၀၀၀) ကို လစဉ်ခံစားခွင့်ပြုခဲ့ပြီး ယခုအခါ နိုင်ငံ့ဝန်ထမ်းများအတွက် လက်ရှိလစဉ် ထောက်ပံ့လျက် ရှိသည့် အပိုထောက်ပံ့ကြေး ကျပ် (၃၀,၀၀၀)အပြင် ထပ်မံ၍ ကျပ် (၃၀,၀၀၀) ကို အပို ထောက်ပံ့ကြေးအဖြစ် ၂၀၂၄ ခုနှစ်၊ သြဂုတ်လမှစ၍ လစဉ်ခံစားခွင့်ပြုခဲ့ခြင်းဖြစ်သည်။

အလားတူ နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ခဲ့ပြီး လက်ရှိပင်စင်ခံစားနေကြသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက်လည်း အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လ ကျပ် (၃၀,၀၀၀) ကို လစဉ် ခံစား ခွင့်ပြုမည်ဖြစ်ပြီး အဆိုပါ ထောက်ပံ့ကြေး များအား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၁) ရက်မှ စတင် ခံစားခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး
Next post (၂၂-၈-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ