မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူများအား ဖမ်းဆီးရမိ

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့ ညနေ ၄ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၂၇ လမ်း၊ ၆၅ လမ်းနှင့် ၆၆လမ်းကြားရှိ ဒေါ်စန္ဒာ(၅၈)နှစ် (ဘ)ဦးစန်းမောင် ၏နေအိမ်၌ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများ ပူးပေါင်းကာ Online အသုံးပြု၍ ငွေလိမ် လုပ်ငန်းများလုပ်ကိုင်နေကြောင်း သတင်းရရှိသဖြင့် အဆိုပါနေအိမ်အား သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့သည်။

ထိုသို့ ရှာဖွေစစ်ဆေးခဲ့ရာ အဆိုပါနေအိမ်အတွင်း၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူ Yanlong(၂၈)နှစ်ပါ တရုတ်နိုင်ငံသား အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့ နယ်၊ ထွမ်ဆန်းရွာနေ ရဲမြင့်(၂၀)နှစ် (ဘ) ဦးယောက်စွတ် ပါ အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၆ ဦး၊ နေအိမ်ပိုင်ရှင်ဖြစ်သူ ဒေါ်စန္ဒာ တို့အား Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းပြုလုပ်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၄ စုံ၊ Laptop ၂ လုံး၊ 5BB Broad Band တံဆိပ်ပါ Wifi စက် ၁ လုံး၊ Ruije Regee တံဆိပ်ပါ Wifi ထပ်ဆင့်လွှင့်စက် ၃ လုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူ Yanlong ပါ . တရုတ်နိုင်ငံသား အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား ရဲမြင့်ပါ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၆ ဦးနှင့် နေအိမ်ပိုင်ရှင်ဖြစ်သူ ဒေါ်စန္ဒာတို့ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ချမ်းအေးသာစံ မြို့နယ်၊ အမှတ်(၃)နယ်မြေ ရဲစခန်း၌ အီလက်ထရောနစ် ဆက်သွယ်ရေး ဆိုင်ရာဥပဒေပုဒ်မ ၃၃(က)/၃၈ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ” Extra Time – အချိန်ပို ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကန်တော့ပွဲပေး အခမ်းအနား ကျင်းပ
Next post (၂၀-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်