တာမွေမှာ အဘွားအိုတစ်ဦးတည်း ရှိနေတဲ့အိမ် လုယက်ခံရ၊ လုယက်သူနှစ်ဦးကို ရပ်ကွက်က ဝိုင်းဝန်းဖမ်းဆီးရာ တစ်ဦး ဖမ်းမိ

သက်ကြီးအဘွားအိုတစ်ဦးတည်း အိမ်မှာရှိနေစဉ် လုယက်ခံရမှု မနေ့က ဩဂုတ်လ ၁၈ ရက် ညဦးပိုင်း ၈ နာရီဝန်းကျင်က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်က တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ ၁၆၆ လမ်းရှိ နေအိမ်တိုက်ခန်းမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ အသက်ကြီးအဘွားအိုတစ်ဦးတည်း နေအိမ်လေးလွှာမှာရှိနေစဥ် အမျိုးသားနှစ်ဦးက အဘွားကို ထိုးကြိတ်၊ လည်ပင်းညှစ်၊ မျက်နှာကို ခေါင်းဦးနဲ့ ဖိတာတွေ ပြုလုပ်လုယက်‌နေချိန် တစ်တိုက်တည်း‌နေ ရှစ်လွှာမှ သမီးဖြစ်သူက မိခင်ဖြစ်သူဆီ ဆင်းလာရာ တံခါးဖွင့်မရတာကြောင့် တိုက်ခန်းနေသူနေသူတွေကို အကူအညီတောင်းလို့ လုယက်သူနှစ်ဦးက ဘေးပြတင်းပေါက်က ခုန်ချထွက်ပြေးသွားပေမဲ့ ပတ်ဝန်းကျင်ပြည်သူတွေက လိုက်လံဖမ်းဆီးလို့ လုယက်သူတစ်ဦးကို ဖမ်းမိခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေဆီ အပ်နှံကြလိုက်ကြတယ်လို့ သိရပါတယ်။ တစ်ဦးက လွတ်မြောက်သွားပြီး လွတ် သူနဲ့အတူ ရွှေနဲ့ ငွေသားတချို့ ပါသွားတယ်လို့လည်း ဖြစ်စဥ်ကို ရပ်ကွက်အတွင်းနေထိုင်သူတချို့ထံကနေ သိရှိရပါတယ်။

လုယက်ထိုးကြိတ်ခံရသူ လူနာအဘွားကို YGH ဆေးရုံအရေးပေါ်ဌာနဆီ မြန်မာမွတ်စလင် ပရဟိတအသင်းက ကူညီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အကယ်ဒမီများရှင် ရန်အောင်ရဲ့မိခင် ကွယ်လွန်
Next post (၁၉-၈-၂၀၂၄) ရက်နေ့ ပြည်တွင်းရွှေစျေးနှင့် စက်သုံးဆီဈေးနှုန်းများ