ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်း၍ သိပ္ပံပွဲတော်၂၀၂၄ အား (၃)ရက်ကြာ ကျင်းပခဲ့

ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM” နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် သိပ္ပံပွဲတော် ၂၀၂၄ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ(၁၅)ရက်နေ့ကစပြီး ရန်ကုန်နည်းပညာ တက္ကသိုလ် နှင့် နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာများ၌ ကျင်းပခဲ့ပါတယ်။

အဆိုပါ သိပ္ပံပွဲတော်ကို ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ၌ ဩဂုတ်လ(၁၅)ရက်မှ (၁၇)ရက်အထိ (၃)ရက်ကြာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အခြေခံပညာကျောင်းသား ကျောင်းသူ များအတွက် “Chronograph, Nuclear Sprint, Bet Game” စသည့် နျူကလီးယားနှင့် သိပ္ပံပညာဆိုင်ရာ ဉာဏ်စမ်းဂိမ်း ယှဉ်ပြိုင်မှုများ၊ Interactive Quiz ဉာဏ်စမ်းပဟေဠိအစီအစဉ်များ ပြုလုပ်ပေးသွားခဲ့ပြီး ဆုများချီးမြှင့်ပေးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၇-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၁၇-၈-၂၀၂၄) ရက်နေ့ ပြည်တွင်းရွှေစျေးနှင့် စက်သုံးဆီဈေးနှုန်းများ