ထိုင်းနိုင်ငံတွင် မြန်မာ၊ တရုတ်၊ ထိုင်းနှင့် လာအို နိုင်ငံခြားရေး ဝန်ကြီးများ အလွတ်သဘောတွေ့ဆုံ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဩဂုတ် ၁၆ ရက်တွင်  မြန်မာ၊ တရုတ်၊ ထိုင်းနှင့် လာအို နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော တွေ့ဆုံ၍ မြန်မာ့အရေးကိစ္စရပ်များကိုဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်  နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Mr. Saleumxay Kommasith ၊ မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Ms. Eksiri Pintaruchi တို့တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၆-၈-၂၀၂၄) ရက်နေ့ ပြည်တွင်းရွှေစျေးနှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၁၇-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်