(၁၅-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၅-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နေပြည်တော်တွင် အာဏာသိမ်းသည်ဆိုသော သတင်းများသည် ကောလာဟလသာဖြစ်ပြီး ဟုတ်မှန်ခြင်းမရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး ပြောကြား

၂။ နိုင်ငံရေးအပါအဝင် နယ်ပယ်အသီးသီးတွင် ပြည်ပဩဇာခံများ ဝင်ရောက်ဆောင်ရွက်မှုကို ကာကွယ်ရန် ဥပဒေပြဋ္ဌာန်းမည်

၃။ သဘာဝဓာတ်ငွေ့သုံး စက်ရုံ(မြင်းခြံ)မှ စက်များကို ရပ်တန့်ထားရသဖြင့် မန္တလေးတိုင်းတွင် ယာယီဓာတ်အားပြတ်တောက်နေဦးမည်

၄။ ဘန်ကောက်တွင် PJ နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်သူများ ရက်ချိန်းတိုကင်ရယူရန် မလိုတော့

၅။ လွိင်ကော်ရှိ ဌာနဆိုင်ရာရုံးအချိုတွင် ကွန်ပျူတာနှင့်တန်ဖိုးကြီးပစ္စည်းများ ပျောက်ဆုံးနေ၍ နိုင်ငံပိုင်ငွေများ ဆုံးရှုးနစ်နာ

၆။ TNLA လက်အောက်မှ မိုးကုတ်မြိုတွင် “ငါနှင့်မတူ ငါ့ရန်သူ” မူဝါဒ၊ ဒလန်ရှင်းလင်းရေးလုပ်လာသဖြင့် ပြည်သူများအကြား ကျီးလန့်စာစားအခြေအနေ ဖြစ်နေဟုဆို

၇။ နေပြည်တော်သုံးလောင်းပြိုင်လူသတ်မှုကျူးလွန်သည့် တရားခံနှစ်ဦးအား ဖမ်းဆီးရမိ

၈။ ဩဂုတ်လ ၁၄ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၈၀၀,၂၃၅ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၅၀ ကျပ်၊ Octane 95 – ၂၈၉၀ ကျပ်၊ Diesel – ၂၄၅၀ ကျပ်၊ Premium Diesel – ၂၉၄၅ကျပ်

နိုင်ငံတကာသတင်းများ

၁။ အိမ်ခြံမြေငှားရမ်းသုံးစွဲပိုင်ခွင့်သက်တမ်းတိုးမြှင့်ပေးမယ့် အစီအစဉ်ကြောင့် တရားမဝင် ဟိုတယ်တွေ ထိုင်းနိုင်ငံမှာ ပိုမိုများပြားလာနိုင်ကြောင်း ဟိုတယ်လုပ်ငန်းရှင်တွေပြော

၂။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ဟာစီနာနှင့် အခြားခြောက်ဦးကို လူသတ်မှုဖြင့် ဒက်ကာမြိုတရားရုံးတွင် အမှုဖွင့်

၃။ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက LDP ပါတီခေါင်းဆောင်အဖြစ် ထပ်မံအရွေးခံတော့မည် မဟုတ်ကြောင်း အသိပေး

၄။ ဆန္ဒပြအကြမ်းဖက်ခဲ့သူများအပေါ် မျှတသည့် တရားစီရင်မှု အလိုရှိကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်းရှိတ်ခ်ဟာဆီနာပြော

၅။ အိန္ဒိယနိုင်ငံတွင် အလုပ်သင်ဆရာဝန်အမျိုးသမီးတစ်ဦး မတရားပြုကျင့်အသတ်ခံရမှုကြောင့် နိုင်ငံတစ်ဝန်း ဆရာဝန်များ ဆန္ဒပြ

၆။ ကန်ဒေါ်လာ ၂ သန်းနီးပါးတန်ဖိုးရှိ ကြက်တောင်ပံတွေ အလွဲသုံးစားပြုမှုနဲ့ အမေရိကန် ကျောင်းဝန်ထမ်းတစ်ဦးကို ထောင်ဒဏ် ၉ နှစ် ချမှတ်ခံရ

အားကစားသတင်းများ

၁။ ရိုးရာဖိုက်တာ စိုးလင်းဦး ဓာတ်ပုံပါ တီရှပ်များ ရောင်းရငွေမှ အခက်အခဲရှိသူများအတွက် ကူညီသွားမည်

၂။ ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်း တိုက်စစ်မှုး ဝင်းသိင်္ဂီထွန်း အသင်းဖြင့် လမ်းခွဲ မလေးရှားကလပ်အသင်းသိုပြောင်းရွှေ့

၃။ တိုက်စစ်မှူး စန်းသော်သော်၏ သွင်းဂိုး (၅)ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည့် ဧရာဝတီယူနိုက်တက်

၄။ မာရာဇာဝီနဲ့ ဒီလိုက်တ်ကို ခေါ်ယူလိုက်ကြောင်း မန်ချက်စတာယူနိုက်တက်အသင်းက တရားဝင်ကြေငြာသွားပြီဖြစ်

၅။ လိုင်လီကို ရှုးနိမ့်လို ချန်ပီယံလိဂ်ကနေ ထွက်ခွာလိုက်ရတဲ့ ဆြာမော်ရဲ့ ဖီနာဘာချီ

အနုပညာသတင်းများ

၁။ အရင်အိမ်ထောင်ကိုလည်းချစ်တာပဲ၊ နောက်အိမ်ထောင်ကိုလည်း မေတ္တာမပြတ်ဘူးဆိုတဲ့ ရဲအောင်

၂။ “ပဝါပါးပါး သနပ်ခါး” ဇာတ်လမ်းတွဲမှာ ဆောင်းတီးရမယ့် ကာရိုက်တာအတွက် လေ့လာသင်ယူနေတယ်ဆိုတဲ့ မေဂရေ့စ်

၃။ အချစ်နဲ့ပတ်သက်ပြီး လောဘကြီးသူမို ၁၀၀ ဖိုးပေးတယ်ဆိုရင် ၁၀၀ ဖိုးပြန်ရမှ ကျေနပ်တယ်လို ရင်ဖွင့်လာတဲ့ ထူးအောင်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တွေ့ဆုံ
Next post ပဝါပါးပါး သနပ်ခါး ဇာတ်လမ်းတွဲမှာ ဆောင်းတီးရမယ့် ကာရိုက်တာအတွက် လေ့လာသင်ယူနေတယ်ဆိုတဲ့ မေဂရေ့စ်