စစ်ဒဏ်ခံနေရသည့် လားရှိုးမြို့တွင် ဖောက်ထွင်းခိုးယူ ခံရမှုများ ကြုံနေရကြောင်း ဒေသခံများဆို

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် နစကတပ်နှင့် ကိုးကန့် MNDAA , ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများအပြီး စစ်ဘေးရှောင်အချို့၏နေအိမ်များကို ဖောက်ထွင်းခိုးယူမှုများရှိခဲ့ကြောင်း သိရသည်။ စစ်ပွဲများအပြီး ဩဂုတ်လ ပထမ အပတ်တွင် လားရှိုးမြို့၊ ရပ်ကွက်(၁၀)ရှိ MMK ဂျပန်စက်ပစ္စည်းဆိုင်မှ စက်ဘီး ၄၆၅ စီးနှင့် ဆိုင်ကယ်တစ်စီးတို့ကို Canter ကားနှစ်စီးဖြင့် ခိုးယူသယ်ဆောင်သွားပြီး၊ စုစုပေါင်းတန်ဖိုးငွေ ကျပ် သိန်း ၅၀၀၀ ဆုံးရှုံးသွားခဲ့ကြောင်း အဆိုပါဆိုင်ပိုင်ရှင်၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့ဘေးအိမ် ကိုးကန့်တပ်တွေက ဖောက်ဝင်ပြီး ခေါင်မိုးပေါ်ကို လက်နက်တွေနဲ့ တက်နေကြတာ။ ကျွန်တော်သား ကိုပါ ဆွဲသွားမှာဆိုးလို့ က လေးကိုခေါ်ပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ကျွန်တော်တို့လည်း စစ်ရှောင် ထွက်လာရတယ်။ အဲ့မှာပဲ ကျွန်တော်တို့ဆိုင်ကစက်ဘီးတွေ စုစုပေါင်းဆို သိန်းလေးထောင်လောက် တန်ဖိုးရှိတယ်။ ဆိုင်ကယ်တစ်စီးဆို သိန်းတစ်ထောင်တန်တယ်။ ဆိုင်ကယ်က ဒီအတိုင်းတော့ဖွင့်မရဘူး။ မပြီးသယ်မှပဲ။ Canter ကားနှစ်စီးနဲ့ ဖင်ထိုးသယ်သွား တာလို့ သိရတယ်။ ဆိုင်ကယ်က သားကြီးမောင်းတာမို့လို့ ကျွန်တော်အရပ်နဲ့လည်းမမှီလို့ ထားခဲ့ရတာပါ။” ဟု ဆိုင်ပိုင်ရှင်က ပြောသည်။

အလားတူ လားရှိုးမြို့တွင် တိုက်ပွဲများကြောင့် စစ်ရှောင်နေရသူများ၏ နေအိမ်အချို့လည်း ဖောက်ထွင်းခိုးယူမှုများ ရှိခဲ့ ကြောင်း သိရသည်။ “အဖွဲ့လိုက် အိမ်တွေကို ဖောက်ထွင်းတာတွေ အများကြီးပဲ။ တစ်ချို့ဆို ကားတွေနဲ့ ကိုယ့်ပစ္စည်းလိုလို ယူကြတာ။ အများကြီးဖောက်ခံရတယ်။ ရပ်ကွက်အချို့ကအိမ်တွေကိုလည်း အဖွဲ့လိုက်ခိုးကြ။ အိမ်က လက်နက်ကြီးထိလို့ ပွင့် သွားတော့ ဝင်ပြီးယူးကြ။ အိမ်တွေမှာ လူတွေမရှိတော့ ခိုးယူတာတွေကများတယ်။” ဟု စစ်ရှောင်နေသူတစ်ဦးက ပြောသည်။

လားရှိုးမြို့တွင် နှစ်ဖက်တိုက်ပွဲများကြောင့် အဆောက်အဦးများနှင့် နေအိမ်များပေါ်သို့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုများကြောင့် မီးလောင်ပျက် စီးမှုများရှိခဲ့ပြီး၊ ဒေသခံသောင်းချီကာ အိုအိမ်များစွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး၊ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များလည်း ရှိနေသေးကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် နစက ဥက္ကဋ္ဌနှင့်သာ တွေ့ဆုံမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိ
Next post (၁၄-၈-၂၀၂၄) ရက်နေ့ ပြည်တွင်းရွှေစျေးနှင့် စက်သုံးဆီဈေးနှုန်းများ