သုံးလောင်းပြိုင်သတ်မှုမှ ပြစ်မှုကျူးလွန်သူများ အချိန်တို အတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော် ဥတ္တရသီရိမြို့နယ် ဇဝနသိဒ္ဒိရပ်ကွက် မြတ်လေးလမ်းရှ်ိ တိုက်ခန်း၌ သြဂုတ်(၁၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိသားစုဝင်(၃)ဦးအသတ် ခံရမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူနှစ်ဦးအား ယနေ့နံက်ပိုင်းကဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာမှ သိရသည်။

အခင်းဖြစ်နေ့က ဦးသန်းထွန်းနိုင်အား ထိုးသွင်းဒဏ်ရာ(၂)ချက်ဖြင့်မီးဖို ဆောင်အတွင်း၌လည်းကောင်းဇနီး ဒေါ်စောသန္တာဦး အားရေချိုးခန်း အတွင်းထိုးသွင်းဒဏ်ရာ(၄)ချက်ဖြင့် လည်းကောင်းသားဖြစ်သူမောင်ရွှေ အုပ်စိုးအားထိုးသွင်းဒဏ်ရာ(၃)ချက် ဖြင့်ကုတင်ပေါ်တွင်လည်းကောင်း Tayဆုံးနေသည်ကိုတွေ့ရှိခဲ့ကာ ၏လက်ကိုင်ဖုန်းများနှင့်အတူ မော်တော်ယာဥ်တစ်စီးပါ ပျောက်ဆုံး နေပြီးဦးသန်းထွန်းနိုင်မှာဆရာဝန် တစ်ဦးဖြစ်ကြောင်းသိရသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှစုံစမ်းဖော်ထုတ်ချက်များအရ ပြစ်မှုကျူးလွန်သူတစ်ဦးမှာ အခင်းဖြစ်မြို့နယ် ဥတ္တရသီရိမြို့နယ်တစ်ရပ် ကွက်တည်းနေထိုင်သူရဲထက်ကျော် (၃၄)နှစ်နှင့်ဇော်ဇော်(နေရပ်စီစစ်ဆဲ) တို့ဖြစ်ပြီး ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၁၁)တွင်တစ်ဦးတိုက်ကြီးမြို့ တွင်တစ်ဦးဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး အမှုနှင့်ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တရုတ်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော် လာဖို့ရှိ
Next post (၁၄-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်