၁၄၂ ကြိမ်မြောက် မြန်မာ့တောင်ပင်လယ် ပုလဲအရောင်းချ ပွဲတွင် တောင်ပင်လယ်ပုလဲအလုံးပေါင်း (၁၇၅၀၀၀)၊ အတွဲ (၇၀၀) ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်

၁၄၂ ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ ဖွင့်ပွဲအခမ်း အနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပ ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် (၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲ ရောင်းချပွဲ၌ ရောင်းချရန် မဏိရတနာကျောက်စိမ်းခန်းမ အတွင်း၌ ခင်းကျင်းပြသထား သည့် ပုလဲအတွဲများနှင့် ပုဂ္ဂလိကကျောက်မျက်ရတနာအချောထည်အရောင်း ပြခန်းများ ဖွင့်လှစ် ရောင်းချနေမှုကို လိုက်လံကြည့်ရှု ခဲ့ကြသည်။

အဆိုပါ (၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲအရောင်းချပွဲ၌ ဩဂုတ် ၁၃ ရက်တွင် တင်ဒါအမှတ် (၁)ဖြစ်သည့် ပုလဲ အတွဲအမှတ် (၀၀၁)မှ (၁၁၅)တွဲအထိ ပုလဲအတွဲ (၁၁၅) တွဲနှင့် တင်ဒါအမှတ်(၂)ဖြစ်သည့် ပုလဲအတွဲအမှတ်(၁၁၆)မှ (၂၃၀) တွဲ အထိ ပုလဲအတွဲ(၁၁၅)တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လည်းကောင်း၊  ဩဂုတ်(၁၄)ရက်တွင် တင်ဒါအမှတ် (၃)ဖြစ်သည့် ပုလဲ အတွဲအမှတ်(၂၃၁) မှ (၃၄၅)တွဲအထိ ပုလဲအတွဲ (၁၁၅) တွဲနှင့် တင်ဒါအမှတ် (၄)ဖြစ်သည့် ပုလဲအတွဲအမှတ် (၃၄၆) မှ (၄၆၀) အထိ ပုလဲအတွဲ (၁၁၅)တွဲတို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လည်းကောင်း၊ ဩဂုတ်(၁၅)ရက်တွင် တင်ဒါ အမှတ်(၅)ဖြစ်သည့် ပုလဲအတွဲအမှတ် (၄၆၁)မှ (၅၈၀)အထိပုလဲအတွဲ (၁၂၀)တွဲနှင့် တင်ဒါ အမှတ် (၆)ဖြစ်သည့်  ပုလဲအတွဲအမှတ်(၅၈၁)မှ (၇၀၀)အထိ ပုလဲအတွဲ( ၁၂၀)တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့်လည်းကောင်း  ဩဂုတ် ၁၂ ရက်မှ ၁၅ ရက်အထိ တောင်ပင်လယ် ပုလဲအလုံးပေါင်း (၁၇၅၀၀၀)၊ အတွဲ (၇၀၀)ကို ခင်းကျင်း ပြသရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အရည်အသွေးပြည့်မီသည့် နည်းပညာရှင်လူငယ်များ မွေးထုတ်ပေးနိုင်ရန် Polytechnic University (၈) ခု ဖွင့်ပေးမည်
Next post (၁၃-၈-၂၀၂၄) ရက်နေ့ ပြည်တွင်းရွှေစျေးနှင့် စက်သုံးဆီဈေးနှုန်းများ