ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေ ပေးဆပ်ရန် ကျန်ရှိနေသည့် ကုမ္ပဏီ/လုပ်ငန်းများ လာရောက်မပေးဆပ်ပါက အရေးယူ သွားမည်

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေသက်တမ်း ၁ နှစ် (အတိုးနှုန်း ၁%) ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစတင်၍ ချေးငွေများ ထုတ်ချေးခဲ့ပါသည်။

ယခုအခါတွင် ချေးငွေသက်တမ်း ၃ နှစ်ပြည့်မြောက်ကျော်လွန်ခဲ့ပြီးဖြစ်သည့် ကုမ္ပဏီ/လုပ်ငန်းများအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ ချေးငွေအရင်းနှင့် အတိုးများအား အမြန်ဆုံး ပြန်လည် ပေးဆပ်ရန် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် အသိပေးကြေညာခဲ့သည်။

သို့ဖြစ်ပါ၍ ကော်မတီအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေ ပေးဆပ်ရန် ကျန်ရှိနေသည့် အလီလီပေးဆပ်နေသည့် ကုမ္ပဏီ/လုပ်ငန်းများအနေဖြင့် အမြန်ဆုံး အပြေအကျေ ပြန်လည်ပေး ဆပ်ရန်၊ အတိုးကိုသာ ပေးသွင်းထားသည့် ကုမ္ပဏီ/လုပ်ငန်းများအနေဖြင့် အရင်းနှင့်အတိုးကို တစ်ပေါင်းတည်း အမြန်ဆုံးပြန်လည်ပေးသွင်းရန်၊ အတိုး၊ အရင်း လုံးဝမပေးဆပ်သည့် ကုမ္ပဏီ/လုပ်ငန်းများအနေဖြင့် အချိန်မီလာရောက်ပေးဆပ်ခြင်းမရှိပါက လုပ်ငန်းတစ်ခုချင်း အား နိုင်ငံပိုင်သတင်းစာများမှ ထုတ်ပြန်အသိပေးခြင်း၊ စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူခြင်းတို့ဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင် သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီမှ အသိပေးထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၁-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၁၁-၈-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ