အမရပူရမြို့နယ်ရှိ တောင်အင်းမြောက်အင်း အမှိုက်ပုံ ၂ နာရီ ခွဲနီးပါး မီးလောင်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ညောင်ပင်စောက်ကျေးရွာရှိ တောင်အင်းမြောက်အင်းအမှိုက်ပုံ ယနေ့ နေ့လည် ၂ နာရီ ၁၅ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

မီးလောင်ရာနေရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးသတ်စခန်းမှ ရေသယ်ယာဉ်(၈)စီး၊ မီးငြှိမ်းသတ်ယာဉ်(၆)စီး၊ သန္ဓေမီးသတ်တပ်ဖွဲဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များဖြင့် ထွက်ခွာ ငြှိမ်းသတ်ခဲ့ရသည်။

ယနေ့ နေ့လည် ၂ နာရီ ၁၅ မိနစ်အချိန်က စတင်လောင်ကျွမ်းခဲ့သည့် တောင်အင်းမြောက်အင်းအမှိုက်ပုံသည် ၂ နာရီခွဲနီးပါး မီးလောင်ကျွမ်းခဲ့ပြီး ညနေ ၄ နာရီ ၄၀ မိနစ်အချိန့်မှ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြဝတီမြို့တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ် ခံရ
Next post အသက် ၉၃ နှစ်ပြည့် မွေးနေ့အလှူ ဝါဆိုသင်္ကန်းနဲ့ မူလတန်းကျောင်းဆောက်လုပ်ဖို သိန်း ၁၉၀ လှူဒါန်းခဲ့တဲ့ မင်းသမီးကြီး ‌ဒေါ်ခင်လေးဆွေ