ကျပ် (၂၀၀၀၀) တန်ငွေစက္ကူကို လူထုအကြားသုံးစွဲနိုင်ပြီ ဆိုသည့်သတင်းမှာ သတင်းမှားသာဖြစ်

၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၁)

အထိမ်းအမှတ်ဖြစ် ထုတ်ဝေထားသည့် ကျပ် ၂၀၀၀၀ တန်ငွေစက္ကူကို လူထုအကြားသုံးစွဲနိုင်ပြီဟုဆိုသည့် သတင်းမှာ သတင်း အမှားသာဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။

ငွေကျပ် (၂၀၀၀၀) တန်ကို တရားဝင်ထုတ်ဝေပြီး ပြည်သူလူထုအကြားသုံးစွဲနိုင်ပြီဟု သတင်းများထွက်ပေါ်နေခြင်းဖြစ်ပြီး အဆိုပါသတင်းဟုတ်မဟုတ်နှင့် ကျပ်(၂၀၀၀၀) တန်ကိုတရားဝင်လူထုကြားဖြန့်ဝေရှိ/မရှိ ပြည်တွင်းမီဒီယာတစ်ခုမှ မေးမြန်း ထားခြင်းကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ တိုင်းပြည်နှင့် ကမ္ဘာကြီး အေးချမ်းသာယာမှုဖြစ်စေရန် ရည်ရွယ် တည်ဆောက်ထားသည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်နှင့် ၂၀၂၂ ခုနှစ် ဇူလိုင် (၂၃)ရက်တွင် မွေးဖွားသန့်စင်သည့် ဆင်ဖြူတော်ရတနာ “ရဋ္ဌနန္ဒက “၏ တစ်နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က “ နှစ်သောင်းကျပ်တန် ” ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်တွင် အကန့်အသတ်ဖြင့် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျပ် (၂၀၀၀၀) တန် ငွေစက္ကူများကို အစုတ်အပြဲငွေစက္ကူ ကျပ်သိန်း (၃၀) လဲလှယ်မှသာ အဆိုပါ လဲလှယ်ငွေပမာဏ အတွင်း ၂၀,၀၀၀ တန်ငွေစက္ကူတစ်ရွက်သာ ထည့်သွင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရွေးကောက်ပွဲများကို လုံခြုံရေးအခြေအနေအရ ကျင်းပ နိုင်သည့်နယ်မြေများတွင် ဦးစွာကျင်းပမည်ဟု နစကဉက္ကဋ္ဌ ပြော
Next post (၁-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်