ပဲခူးဘူတာ ရေကျော်နေသေးသဖြင့် ယနေ့ ရထားခရီးစဉ်များ ထပ်မံဖျက်သိမ်း

ပဲခူးဘူတာဝန်းအတွင်း သံလမ်းများ ရေကျော်နေသေးသည့်အတွက် ယနေ ဇူလိုင်(၃၀) ရက် ရထားခရီးစဉ်များ ထပ်မံ ဖျက်သိမ်းကြောင်း မော်လမြိုင်ဘူတာကြီးမှ အသိပေးထားသည်။

ထို့ကြောင့် ယနေ့ ခရီးစဉ်ဖြစ်သည့် မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် (၈၂) အစုန် မော်လမြိုင် – ရန်ကုန် ရထားနှင့် ရန်ကုန်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် (၈၁) အဆန် ရန်ကုန် – မော်လမြိုင် ရထားခရီးစဉ်များအား ယာယီ ဖျက်သိမ်းကြောင်း အသိပေးထားသည်။

ယမန်နေ့ ဇူလိုင် (၂၉)ရက်တွင်လည်း ပဲခူးမြို့ ရေကြီးမှုဖြစ်စဉ်ကြောင့် ရန်ကုန် – မော်လမြိုင် ရထားခရီးစဉ်များ ယာယီ ဖျက်သိမ်းပြီး ဝယ်ယူပြီးသော လက်မှတ်များအား ငွေပြန်အမ်းပေးခဲ့သည်။

ထို့ပြင် ယနေ့ ဇူလိုင် (၃၀)ရက် ခရီးစဉ်အတွက် ကြိုတင်ဝယ်ထားပြီးသော အထက်တန်း လက်မှတ်များအား မော်လမြိုင် ဘူတာကြီး နေ့ချင်းလက်မှတ်ရုံတွင် နံနက်(၆)မှ(၁၀) အထိ ငွေပြန်အမ်းပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာထားသည်။

ယနေ့ မိုး/ဇလ၏ အသိပေးချက်တွင် ပဲခူးမြစ်ရေသည် လက်ရှိတွင် ၁၀၀၂ စင်တီမီတာရှိနေပြီး နောက်တစ်ရက်အတွင်း နှစ်လက်မခန့် ဆက်လက်မြင့်တက်မည်ဟု ထုတ်ပြန် ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရင်သွေးလေးရပြီလို့ ပရိသတ်ကို အသိပေးလာတဲ့ ထက်ယံ
Next post (၃၀-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ