ရန်ကုန် -မော်လမြိုင် ကားလမ်း သထုံမြို့နယ် အနီးရှိ ကရင်လေးဆိပ်တံတား အကြမ်းဖက်လက်ချက်ဖြင့် ပျက်စီး

ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီး သထုံ-ဘီးလင်းကြား ယခင် ကျုံအိတ်တံတားအနီးရှိ ကရင်လေးဆိပ်တံတား တစင်း အကြမ်းဖက်သမားတို့၏ မိုင်းထောင်ဖျက်ဆီးမှုလက်ချက်ဖြင့် ပေါက်ကွဲမှု ဖြစ်သွားပြီး ထပ်မံ ကျိုးသွားကြောင်း ခရီးသွား ပြည်သူများထံမှ စုံစမ်းသိရှိရသည်။

ယမန်နေ့ ည ၁၁ နာရီအချိန်က အကြမ်းဖက်သမားတို့၏ ယုတ်မာမှုကြောင့် ရန်ကုန်မော်လမြိုင်အဝေးပြေးလမ်းမကြီး၊ သထုံ-ဘီးလင်းအကြား ကရင်လေးဆိပ် တံတားသည် မိုင်းပေါက်ကွဲပြီး ပြိုကျပျက်စီးသွားကြောင်း ၊ လတ်တလော ခရီးသွား ကားများနှင့် ကုန်တင်ကားများပိတ်ဆိုနေကြောင်း သိရှိရသည်။ ကားများ သွားလာ၍မရကြောင်း ကနဦးသတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မရှိမဖြစ် သုံးနေရသည့် ဆေးဝါးများကို ပြည်သူထံ တိုက်ရိုက်ရောင်းချမည်
Next post (၁၇-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ