(၁၇-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၇-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်

ပြည်တွင်းသတင်းများ

၁။ ဘက်မလိုက်ရေးအခြေခံမူများကို လိုက်နာဆောင်ရွက်ဖို့ လူ့အခွင့်အရေးကောင်စီထံ မြန်မာနိုင်ငံက တောင်းဆို

၂။ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီကို နိုင်ငံရေးပါတီအဖြစ် ဇူလိုင် (၁၅) ရက်မှ စတင်၍ မှတ်ပုံတင်ခွင့်ပြု

၃။ ဗဟိုဘဏ်မှ တရုတ်ယွမ် (၅) သန်းကို ထပ်မံရောင်းချပေးခဲ့ပြီး ယခုလအတွင်း ဒေါ်လာ(၁၀.၄)သန်းနှင့် ယွမ်(၅)သန်း ရောင်းချပေးထား

၄။ (၇၇) နှစ်မြောက် အာဇာနည်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံတိုင်ဝက်လွှင့်ထူရန်နှင့် ဥဩဆွဲရန် အသိပေး

၅။ မြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍ AA အပေါ် သံတွဲမြို့ခံအချို့ မေးခွန်းထုတ်

၆။ ဘင်္ဂါလီဒုက္ခသည်များ ပြန်လည်ခေါ်ယူရေးအတွက် မြန်မာအစိုးရက အပြုသဘောဆန်စွာ တုံ့ပြန်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

၇။ တောင်သာမြို့နယ် ဇရပ်ကြီးကျေးရွာတွင် စုဖွဲ့နေသည့် စစ်သွေးကြွ PDF တွေကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းရာ PDF တွေ ထွက်ပြေး

၈။ ဇူလိုင်လ ၁၆ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၆၇၁,၁၁၂ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၀၀ ကျပ်၊ Octane 95 – ၂၈၂၀ ကျပ်၊ Diesel – ၂၄၆၅ ကျပ်၊ Premium Diesel – ၂၈၉၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ရီပတ်ဘလီကန်ပါတီညီလာခံက ထရမ့်ကို သမ္မတလောင်းအဖြစ် အဆိုပြု

၂။ F-16 တွေဝယ်ယူနိုင်အောင် အမေရိကန်က ထိုင်းကို အတိုးနှုန်းလျှော့ပေးမယ်လို့ ကမ်းလှမ်း

၃။ ဆန္ဒပြ ဘင်္ဂလားဒေ့ရှ်ကျောင်းသားတွေနဲ့ အစိုးရထောက်ခံသူတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး လူ ၁၀၀ ခန့် ဒဏ်ရာရ

၄။ ၂၀၃၉ ခုနှစ် ဝန်းကျင်မှာ အမေရိကန်တပ်မတော်ရဲ့သုံးပုံတစ်ပုံဟာ စက်ရုပ်တွေဖြစ်လာမယ်လို့ အငြိမ်းစားဗိုလ်ချုပ်ကြီး မာ့ခ်မီလီပြော

၅။ ယူကရိန်းစစ်ပွဲမှာ အသုံးပြုနေတဲ့ ဂျာမန်ထုတ် Vector ဒရုန်းတွေကို AI နည်းပညာသုံး လမ်းကြောင်းရှာစနစ်သစ် တပ်ဆင်

၆။ ဝန်ကြီးချုပ်ကို လွှတ်တော်အတွင်းအယုံကြည်မရှိကြောင်းအဆိုတင်ကာ ဖြုတ်ချပြီးနောက် နီပေါနိုင်ငံမှာ ဝန်ကြီးချုပ်အသစ်တစ်ဦး ရွေးချယ်

အားကစားသတင်းများ

၁။ အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲဝင်ရန် မြန်မာယူ-၁၉ အသင်း အင်ဒိုနီးရှားသိုသွား

၂။ Myanmar National League 2024- 2025 Week-2 အပြီး ရန်ကုန်ယူနိုက်တက်အသင်း ဂိုးကွာခြားချက်အသာဖြင့် ဦးဆောင်နေ

၃။ မြန်မာလှေလှော်အသင်း ကမ္ဘာ့နဂါးလှေပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်

၄။ Myanmar Women League 2024 ဒုတိယအကျော့ ပွဲစဉ်များ မနက်ဖြန် ဇူလိုင် (၁၇)ရက်တွင် စတင်မည်

၅။ ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်း၏ ကစားသမားသစ် အမ်ဘာပေ၏ တရား၀င် မိတ်ဆက်ပွဲအခမ်းအနားအား ဘာနေဗျူးကွင်းတွင် ကျင်းပပြုလုပ်ခဲ့

အနုပညာသတင်းများ

၁။ အိမ်ထောင်ရေးဇာတ်လမ်းပုံစံ “ရင်ဖွင့်ပြချင်သည်” ဇာတ်လမ်းတွဲ Press Conference Show ကျင်းပ

၂။ ကေသီပန်နဲ့ အရက်မြည်းခဲ့ကြလို ကျွန်တော်ကနုပြီး ဧရာက နဖူးပြောင်သွားခဲ့တာဆိုတဲ့ ကျော်ထူး

၃။ ထိုင်းမှာ ကံကောင်းရုပ်ရှင်ပြနေချိန် တခြားနိုင်ငံတွေပြဖိုလာကမ်းလှမ်းကြတယ်ဆိုတဲ့ ဒါရိုက်တာဝင်းလွင်ထက်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရင်ဖွင့်ပြချင်သည် ဇာတ်လမ်းတွဲ 𝐏𝐫𝐞𝐬𝐬 𝐂𝐨𝐧𝐟𝐞𝐫𝐞𝐧𝐜𝐞 𝐒𝐡𝐨𝐰 ကျင်းပ
Next post ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နစက၏ ၂ဝ၂၄ ခုနှစ်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနား ကျင်းပ