ရေနံချောင်းနှင့်တောင်တွင်းကြီးတို့တွင် ၂ ရက် အတွင်း အုပ်ချုပ်ရေးမှူး ၂ ဦးအပါအဝင် အမျိုးသား ၄ ဦး ပစ်ခတ်ခံရ

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်နှင့် တောင်တွင်းကြီးမြို့နယ်တို့တွင် နှစ်ရက်အတွင်း အုပ်ချုပ်ရေးမှူး ၂ ဦး အပါအဝင် အမျိုးသား ၄ ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၇ နာရီ ၅၀ မိနစ်တွင် ရေနံချောင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ် ရေးမှူးဖြစ်သူ ဦးသန်းထွေး(၆၂)နှစ်သည် သစ်တပွေရပ်ကွက်၊ သခင်ဗိုးလှကြီးလမ်းရှိ ပိတောက်ဖူး လက်ဖက်ရည်ဆိုင်၌ ထိုင်နေစဉ် PDF အကြမ်းဖက်သမားနှစ်ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ သဖြင့် ဦးသန်းထွေးတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ် တွင် တောင်တွင်းကြီးမြို့နယ်၊ သီလကျေးရွာ ကျေးရွာအုပ်ချုပ် ရေးမှူဖြစ်သူ ဦးညွန့်ဝင်း(၅၈)နှစ်သည် တောင်တွင်းကြီးမြို့မှ သီလကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းပြန် လာစဉ် ကျေးရွာအနီး အရောက် လားရာတူနောက်မှ ဆိုင်ကယ်မောင်းနှင်လိုက်ပါလာသည့် PDF အကြမ်းဖက် သမားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးညွန့်ဝင်းတွင် ကျည်ထိမှန် ဒဏ်ရာများ ရရှိခဲ့ ကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်တွင် တောင်တွင်းကြီးမြို့နယ်၊ ပရပ်ကြယ်ကျေးရွာနေ ဦးခင်မောင်အေး (၅၅)နှစ်နှင့် ဦးထွန်းဝင်းနိုင် (၅၆)နှစ်တို့နှစ်ဦးသည် ပရပ်ကြယ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း ရှေ့ ဇရပ်အနီး၌ရှိနေစဉ် PDF အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ဦးခင်မောင်အေးနှင့် ဦးထွန်းဝင်းနိုင်တို့တွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရ သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများခြင်းကြောင့် ဓာတ်ဆားနှင့် ဆေးဝါးအချို့ ဈေးတက်လာ
Next post (၁၅-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ