ပြည်သူ့ပါတီ ရန်ကုန်တိုင်းဒေသကြီး ရုံးခန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ပြည်သူ့ပါတီ ရန်ကုန်တိုင်းဒေသကြီး ရုံးခန်းဖွင့်ပွဲနှင့်ဆိုင်းဘုတ်တင်အခမ်းအနားကို ယမန်နေ့(ဇူလိုင် ၁၄ ရက်) နံနက်ပိုင်းတွင် အဆိုပါရုံးခန်းတည်ရှိရာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်း၊ အမှတ်(၈၆) တွင် ကျင်းပခဲ့သည်။အဆိုပါ ရုံးခန်းဖွင့်လှစ်ပွဲတွင် ပြည်သူ့ပါတီဗဟိုဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် ရန်ကုန်တိုင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးလှဌေးတို့က တိုင်းရုံးခန်းကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး၊ ဆိုင်းဘုတ်ကို အမွေးနံ့သာရည်များ ပက်ဖြန်းခြင်းတို့ဆောင်ရွက်ခဲ့သည်။

ထိုရန်ကုန်တိုင်းပြည်သူ့ပါတီဥက္ကဋ္ဌ ဦးလှဌေးက နှုတ်ခွန်းဆက်စကားပြောကြား၍ ပြည်သူ့ပါတီဗဟိုဥက္ကဋ္ဌ ဦးကိုကိုကြီးက အမှာစကားပြောကြားကာ ရန်ကုန်တိုင်း ပြည်သူ့ပါတီဒုတိယဥက္ကဋ္ဌ ဦးလှမိုးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အခမ်းအနားသို့ ပြည်သူ့ပါတီဗဟိုဌာနချုပ်မှ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ မြို့နယ်အသီးသီးမှ ပြည်သူ့ပါတီခေါင်းဆောင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ(၁ဝဝ)ခန့် တက်ရောက်ခဲ့ ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ” ရခိုင်ရိုးရာသမက်တက် ” ထိမ်းမြား မင်္ဂလာကျင်းပ ပြုလုပ်ခဲ့တဲ့ အဆိုတော် ရတနာမိုင် တို့စုံတွဲ
Next post ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများခြင်းကြောင့် ဓာတ်ဆားနှင့် ဆေးဝါးအချို့ ဈေးတက်လာ