နိုင်ငံရေးပါတီ (၂၃) ပါတီ၏ ပူးတွဲသဘောထားထုတ်ပြန် ကြေညာချက်နှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကျင်းပ

နိုင်ငံရေးပါတီ (၂၃) ပါတီ၏ ပူးတွဲသဘောထားထုတ်ပြန်ကြေညာချက်နှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဉီးလှသိန်းက လတ်တလော နိုင်ငံအတွင်းဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ အမြန်ဆုံး ချုပ်ငြိမ်း၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် မီဒီယာများက ၎င်းတို့ သိရှိလိုသည်များကို မေးမြန်းကြရာ ပါတီများမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)နယ်မြေဒေသများအတွင်း မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ (MNDAA/ TNLA/ AA) နှင့် ယင်းအဖွဲ့အစည်းများကို ကူညီဆက်စပ်၊ ပါဝင်ပတ်သက်နေသော အကြမ်းဖက်လက်နက် ကိုင်အဖွဲ့များက အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်း၊ စစ်ရေး ပစ်မှတ်မဟုတ်သော အများပြည်သူနေထိုင်ရာ မြို့ကြီးများအား အဝေးမှ လက်နက်ကြီးများ၊ Drop Bomb များဖြင့် ပစ်ခတ်ခြင်း၊ ၎င်းတို့နှင့် လူမျိုးမတူသူ တိုင်းရင်းသားမျိုးနွယ်စုများအား ၎င်းတို့ထိန်းချုပ်ထား သည့် နယ်မြေဒေသအတွင်းမှ ခြိမ်းခြောက် နှင်ထုတ်ခြင်းစသည့် အကြမ်း ဖက်လုပ်ရပ်များ လုပ်ဆောင်နေကြခြင်းအပေါ် နိုင်ငံရေးပါတီ(၂၃)ပါတီက ဇူလိုင် ၁၁ ရက်တွင် ပူးတွဲသဘောထားထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၄-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၁၅-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်