ထိုင်းနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ စေလွှတ်နိုင်ရေး တင်ပြလာသည့် အလုပ်ခေါ်စာများကို ယာယီရပ်ဆိုင်းထား

MoU စနစ်ဖြင့်ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ စေလွှတ်နိုင်ရေး တင်ပြလာသည့် အလုပ်ခေါ်စာများကို ယာယီရပ်ဆိုင်းထားကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ သိရသည်။

ယင်းကဲ့သို့ ယာယီရပ်ဆိုင်းထားရခြင်းမှာ MoU စနစ်ဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ အလုပ်သမားများကို စေလွှတ် သော်လည်း အလုပ်ခေါ်စာတွင်ပါရှိသည့် လုပ်ငန်းခွင်နှင့် အလုပ်သမားများကို အမှန်တကယ်လုပ်ကိုင်ရသည့် လုပ်ငန်းခွင် မှန်ကန်မှုမရှိခြင်း၊ လုပ်ငန်းခွင်သို့ ရောက်ရှိပြီး အလုပ်မပေးနိုင်ခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လုပ်ငန်းခွင်အတွင်း အလုပ်သမားရေးရာပြဿနာများ ဖြစ်ပေါ်နေသည့်အတွက်ကြောင့်လည်း ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ စေလွှတ်နိုင်ရန်တင်ပြလာသည့် အလုပ်ခေါ်စာများကို ဇူလိုင် (၄) ရက်က်မှစပြီး ယာယီရပ်ဆိုင်းရန် အလုပ်သမားဝန်ကြီးဌာနက စာပေးပို့ခဲ့ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဒေါက်တာဇယ်လိုမိုးနိုင်ရဲ့ သိန်းတစ်ရာတန် လက်ဖွဲ့ရခဲ့တဲ့ ရတနာမိုင်
Next post (၁၀-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်