(၇-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၇-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများ၏ သက်သာ ချောင်ချိရေးအတွက် နိုင်ငံတော်ကစီမံနေကြောင်း နစက ဥက္ကဋ္ဌ ဆို

၂။ ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်မှုအဖြစ် သန်းခေါင်စာရင်း ကောက်ယူခြင်းကို အောက်တိုဘာလဆန်းမှစ၍ တစ်နိုင်ငံလုံးအတာဖြင့် လုပ်ဆောင်၍ရသည့်နေရာတိုင်း လုပ်ဆောင်သွားမည်ဟု နစက ဥက္ကဋ္ဌ ပြောကြား

၃။ နိုင်ငံခြားရေးဝန်ကြီးထံသို ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်က ၎င်း၏ ခန့်အပ်လွှာ လာရောက်ပေးအပ်

၄။ အိမ်အရောက်ပိုစနစ်ဖြင့် ဆန်ရောင်းချမှုတွင် ငွေကြေးလိမ်လည်မှု ၆ မှုကြုံခဲ့ရ၍ ဇူလိုင်လ ၁၀ ရက်မှစတင်ကာ ပစ္စည်းရောက်ငွေချေစနစ် ဆောင်ရွက်မည်ဟု MRF အသိပေး

၅။ SSPP/SSA နှင့် TNLA တို နေရာ (၃)နေရာတွင် တိုက်ပွဲဖြစ်ပွား၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိဟု SSPP/SSA ထုတ်ပြန်

၆။ PDF တွေ ဖမ်းခေါ်သွားတဲ့ သရက်ချောင်းမြိုနယ်က ကျောင်းဆရာမ (၅) ဦး အသက်အန္တရာယ် စိုးရိမ်နေရ

၇။ လက်ဖက်ရည်ဆိုင်ထိုင်နေသည့် စမ်းချောင်းမြိုနယ် ကျွန်းတောအလယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဒလန်ဟုစွပ်စွဲကာ Freeland Attck Force PDF အဖွဲက ယနေ့နေ့လယ်ပိုင်းက ပစ်ခတ်သတ်ဖြတ်

၈။ ဇူလိုင်လ ၆ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၅၄၅,၉၂၂ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၆၈၅ ကျပ်၊ Octane 95 – ၂၈၁၅ ကျပ်၊ Diesel – ၂၄၈၅ ကျပ်၊ Premium Diesel – ၂၉၁၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ယူကရိန်းပဋိပက္ခကို ဆွေးနွေးဖိုအတွက် ရုရှားကို ဟန်ဂေရီဝန်ကြီးချုပ်အလည်အပတ်ရောက်ရှိနေ

၂။ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေကို ယူကရိန်းသမ္မတ ဝေဖန်ပြစ်တင်

၃။ ယူကရိန်းလေတပ်စခန်းတွေကို ရုရှားတိုက်ခိုက်ခဲ့တဲ့အတွက် မကြာခင်ရောက်လာမယ့် F-16 တွေအတွက် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေ

၄။ ကုန်သွယ်ရေးမညီမျှမှုနှင့် ယူကရိန်းစစ်ပွဲတွင် ပါဝင်တိုက်ခိုက်ပေးရန် သိမ်းသွင်းခံရသော အိန္ဒိယနိုင်ငံသားများ၏အရေးအတွက် သမ္မတပူတင်နှင့်တွေ့ဆုံစဉ် ဝန်ကြီးချုပ်မိုဒီ အဓိကဆွေးနွေးမည်

၅။ နိုင်ဂျာနိုင်ငံရှိ စစ်အခြေစိုက်စခန်းမှာ ဖြန့်ကြက်ချထားတဲ့ အမေရိကန်တပ်ဖွဲတွေ ပြန်ရုတ်သိမ်း

၆။ တာဂျစ်ကစ္စတန်၏ နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် အထောက်အကူပေးမည်ဟု သမ္မတရှီကျင်းပင် ကတိပြု

အားကစားသတင်းများ

၁။ ယနေ့စတင်ကျင်းပမည့် Myanmar National League 2024-2025 ပွဲစဉ်တွင် ရခိုင်ယူနိုက်တက်အသင်းက ဘရာဇီးကစားသမားများဖြင့် ပွဲထုတ်လာ

၂။ ထိုင်းဖိုက်တာကို အလဲထိုးပြီး ဆုကြေးဘတ် ၃၅၀၀၀၀ နဲ့ ဒေါ်လာတစ်သိန်းတန်စာချုပ် ရရှိခဲ့တဲ့ စိုးလင်းဦး

၃။ မြန်မာ့လက်ရွေးစင် ယူ -၁၂ ကစားသမား ရွေးချယ်ပွဲ ရန်ကုန်တွင် ယနေ့ စတင်ပြုလုပ်

၄။ မက်ဆီပင်နယ်တီမဝင်တော့ ဘောလုံးကို ပိုအာရုံစိုက်ခဲ့တယ်-မာတီနက်ဇ် ၅။ အီရန်နိုင်ငံသမ္မတ ရွေးကောက်ပွဲက နိုင်ငံ၏ ကိုးယောက်မြောက်သမ္မတကို ရွေးချယ်

အနုပညာသတင်းများ

၁။ ဇာတ်ကားတွေရိုက်တဲ့အခါ ကာရိုက်တာတွေအပေါ်မှာ အပြည့်အဝအာရုံစိုက်ထားတယ်ဆိုတဲ့ အာကာမြင့်အောင်

၂။ “အသဲကွဲလူငယ်” သီချင်းသစ်မှာ ကိုယ်တိုင်ခံစားချက်အစစ်တချိုနဲ့ သီဆိုထားတယ်လို ရင်ဖွင့်လာတဲ့ ပြုံးမြသွယ်

၃။ ကောင်းကောင်းနဲ့ ဖြိုးပြည့်စုံတိုက နှုတ်ဆက်လမ်းခွဲသီချင်းလေးပြန်ဆိုပြီး ပံ့ပိုးတဲ့အတွက် အတိုင်းထက်အလွန် အရမ်းပျော်ခဲ့ရတယ်ဆိုတဲ့ ခိုင်နိုး

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဌာနဆိုင်ရာအလိုက် လုံခြုံရေးဆိုင်ရာ အချက်အလက်များ မပေါက်ကြားစေရေး အလေးထား ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ မှာကြား
Next post (၇-၇-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ