(၂-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂-၇-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ မန္တလေးတွင် ဆန်စပါး အသင်းချုပ်၏ ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေသော ဆန်ဆိုင်ပေါင်း (၁၅၀) ကျော်အထိရှိလာ

၂။ တောင်သူများအတွက် ဓာတ်မြေဩဇာများကို ရည်ညွှန်းဈေးနှုန်းဖြင့် ယခုဇွန်လဆန်းမှစတင်၍ ရောင်းချပေးနေ

၃။ မြစ်ကြီးနား ရေကြီးမှု တပ်မတော်သားများက ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်း ဆောင်ရွက်ပေးလျက်ရှိ

၄။ ဆန်စပါးသိုလှောင်ရုံပိုင်ဆိုင်သူများအနေဖြင့် MyRo တွင် မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ပေးကြရန် စီး/ကူးမှ ထပ်မံအသိပေး

၅။ ကော့ကရိတ်မြို့ နေရပ်ပြန်စစ်ရှောင် အိမ်ထောင်စုများအတွက် ပစ္စည်းအမျိုးအစား(၂၃)မျိုးပါ လူသုံးကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်

၆။ ဆိုင်ကယ်စီးလာသည့် ရဲတပ်ကြပ်ဇနီးမောင်နှံကို PDF လေးဖွဲ့ပေါင်းပြီး ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်၍ ဇနီးမောင်နှံနှစ်ဦးစလုံး ပွဲချင်းပြီးသေဆုံး

၇။ ခရီးသည်တင်ကား (၈) စီးကို PDF အကြမ်းဖက်သမားများက တိုက်ခိုက်ခဲ့မှုကြောင့် ခရီးသွားပြည်သူတစ်ဦး သေဆုံးပြီး သံဃာတော်တစ်ပါးအပါအဝင် ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိ

၈။ ဇူလိုင်လ ၁ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၅၀၂,၅၁၄ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၆၅၅ ကျပ်၊ Octane 95 – ၂၇၉၀ ကျပ်၊ Diesel – ၂၄၆၅ ကျပ်၊ Premium Diesel – ၂၈၉၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ အမေရိကန်က F-16 ရောင်းချပေးဖို့ ကမ်းလှမ်းလာတယ်ဆိုတဲ့ကိစ္စ ၎င်းတို့မသိကြောင်း ထိုင်းလေတပ်ဦးစီးချုပ် ပြော

၂။ အီရန်သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့ကို ဇူလိုင် ၅ ရက်နေ့မှာထပ်မံ ကျင်းပမယ်

၃။ အိန္ဒိယဓါတ်အားပေးစက်ရုံ ရပ်တန့်သွားသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လျှပ်စစ်ပြတ်တောက်မှု သိသာစွာ ဖြစ်ပေါ်

၄။ နိုင်ဂျီးရီးယားနိုင်ငံမှာ သံသယရှိ အသေခံဗုံးခွဲတိုက်ခိုက်မှု ၁၈ ခုထိ ရှိ

၅။ အမေရိကန် သူလျှိဂြိုဟ်တုတွေကို SpaceX ဒုတိယအကြိမ် လွှတ်တင်

၆။ အမေရိကန်က အာရှတိုက်မှာ နေတိုးမဟာမိတ်အဖွဲ့လိုမျိုးအဖွဲ့ ဖွဲ့စည်းဖို့ ကြိုးပမ်းနေ

အားကစားသတင်းများ

၁။ တရုတ်ကြက်တောင်ကစားသမား အင်ဒိုနီးရှားနိုင်ငံ၌ ပြိုင်ပွဲကွင်းဝင်​နေစဥ် ကွင်းအတွင်း လဲကျသေဆုံး

၂။ ခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်တဲ့ ဘယ်လ်ဂျီယံကို အနိုင်ရရှိကာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့တဲ့ ပြင်သစ်

၃။ စပိန်လူငယ်ကြယ်ပွင့် လမိုင်း ယာမယ်ဟာ ဂျော်ဂျီယာကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ တနင်္ဂနွေနေ့ညပွဲစဉ်အတွင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ မယုံနိုင်စရာ စံချိန်မှတ်တမ်းကို လိုက်မီခဲ့

၄။ ဂျာမနီနဲ့ပွဲမတိုင်ခင် ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းကို ပြောပြခဲ့တဲ့ စပိန်နည်းပြ

၅။ ဂျော်ဂျီယာကို ဂိုးပြတ်အနိုင်ယူကာ ကွာတားဖိုင်နယ်တက်လှမ်းလာတဲ့ စပိန်

အနုပညာသတင်းများ

၁။ ‘ကိုဗညား နဲ့ အပြင်မှာ တွေ့ရင် စနောက်နေကြပေမယ့် ဒီဇာတ်ကားထဲမှာ သူက လှတောသား အဖြစ် မြင်ရမှာမို့ ဒိုင်ယာလော့ခ်တွေကို ကျက်နေရတာနဲ့တင် ကိုယ့်ကို မစနောက်နိုင်တော့ဘူး’ လို့ ပြောလာတဲ့ လင်းဇာနည်ဇော်

၂။ ကြင်ဖော်ငယ်ဝေးသီချင်းရဲ့ စကားလုံးကိုကြိုက်လို ဖော်ဝေးနာမည်ကိုပေးလိုက်တာပါဆိုတဲ့ ဖော်ဝေး

၃။ လွင်မိုးကို အားကျလို Vlogger လောကထဲရောက်လာတဲ့ Vlogger ကျော်စွာ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဗဟိုဘဏ်၏ သတ်မှတ်ချက်အား ကျော်လွန်၍ အိမ်ရာချေးငွေ (Housing Loan) ထုတ်ချေးထားသည့် ပုဂ္ဂလိကဘဏ်များ အား အရေးယူဆောင်ရွက်
Next post လာမည့် အထွေထွေရွေးကောက်ပွဲတွင် FPTP စနစ်အပြင် PR စနစ်၊ EVM စနစ်တို့ဖြင့်လည်း မဲပေးရမည်