(၂၉-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၉-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂ဝ၂၄) ဂုဏ်ပြုညစာစားပွဲအခမ်းအနား ကျင်းပ

၂။ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ၌ မြန်မာဘဏ်များ ပါဝင်နေကြောင်း ဖော်ပြခြင်းအပေါ် ကန့်ကွက်ကြောင်း ဗဟိုဘဏ် တုံ့ပြန်

၃။ ဈေးအရောင်းစင်တာများ၊ Super Market များ၊ Mini Mart များတွင်လည်း ဆန်များကို Consumer Pack များဖြင့် ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချပေးနေ

၄။ ဒီကနေ့ကစပြီး လာမည့် ဇူလိုင် ၄ ရက်နေ့အတွင်း ကချင်မှာ မိုးကြီးရေလျှံမှုတွေ ဖြစ်မယ်

၅။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာသဖြင့် နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF)က ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရပ်ဆိုင်း

၆။ MNDAA နှင့် TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအတွင်းမှ ထွက်ပြေးလာသည့် ဒေသခံလူငယ်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံ

၇။ သတင်းပေး၊ ဒေါက်တိုင်ဟုစွပ်စွဲကာ အမျိုးသားတစ်ဦးကို သာယာဝတီ PDF သတ်ဖြတ်

၈။ ဇွန်လ ၂၈ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၄၈၃,၂၀၆ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၅၆၅၅ ကျပ်၊ Octane 95 – ၂၇၉၀ ကျပ်၊ Diesel – ၂၄၆၅ ကျပ်၊ Premium Diesel – ၂၈၉၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ညီလာခံ ဇူလိုင်လအတွင်း ကျင်းပမည်ဟု ကြေညာ

၂။ ဟစ်ဇဘိုလာအဖွဲ့တည်ရှိသည့် အိမ်နီးချင်း လက်ဘနွန်နိုင်ငံကို ကျောက်ခေတ်သို့ ပြန်ပို့ပစ်နိုင်သည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးက အမေရိကန်ခရီးစဉ်တွင် ပြောကြား

၃။ စစ်ဖြစ်နိုင်သည့် အန္တရာယ်ကြောင့် ဂျာမနီနိုင်ငံသားများ လက်ဘနွန်နိုင်ငံမှ ထွက်ခွာရန် ဂျာမနီ တိုက်တွန်း

၄။ အနောက်နိုင်ငံတွေနဲ့ သံဆက်ဆံရေးအဆင့် လျှော့ချဖို့ စဉ်းစားနေကြောင်း ကရင်မလင် ပြောကြား

၅။ ယူကရိန်းလေသူရဲတွေအတွက် F-16 မောင်းနှင်နည်းသင်တန်း အခုနှစ်အကုန်မှာ ဒိန်းမတ်နိုင်ငံရပ်တန့်မည်

၆။ အရှေ့ဘက်နယ်စပ်ဒေသတွေကို အားဖြည့်ပေးဖို့ ပိုလန်နဲ့ ဘော်လတစ်သုံးနိုင်ငံ ဥရောပသမဂ္ဂကိုတိုက်တွန်း

အားကစားသတင်းများ

၁။ မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းနှင့် အိန္ဒိယ အမျိုးသမီး လက်ရွေးစင်အသင်းတို၏ ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲများ ထုတ်ပြန်

၂။ ပြိုင်ပွဲဝင်အသင်း (၈)သင်း ပါဝင်မည့် ၂၀၂၄ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲအတွက် ပွဲစဉ်ဇယားထုတ်ပြန်

၃။ လီယွန်နယ် မက်ဆီရဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး အာဂျင်တီးနားဂျာနယ်လစ် ပါရာဒီဇိုရဲ့ ထုတ်ဖော်ပြောဆိုမှု

၄။ ပနားမားကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တဲ့ ကိုပါအမေရိကအိမ်ရှင်

၅။ ဘိုလစ်ဗီးယားကို ၅ ဂိုးပြတ်အနိုင်ယူပြီး ကွာတားတက်ခွင့်သေချာသွားတဲ့ ဥရုဂွေး

အနုပညာသတင်းများ

၁။ ‘မိုး ကိုယ်တိုင်က ရတနာတွေကို ကြိုက်နှစ်သက်တယ်။ ဂန့်ဂေါ်နီ ရဲ့ ရတနာ ဒီဇိုင်းတွေက ရှေးဆန်တဲ့ ဒီဇိုင်းရော၊ ခေတ်ပေါ် ဒီဇိုင်းလည်း ရှိတော့ အရမ်းသဘောကျပါတယ်’ လို့ ပြောလာတဲ့ မိုးဟေကို

၂။ ‘ယောကျာ်း ကသာ မထိုးပေမယ့် ပရိသတ်ကတော့ ကိုယ့်ကို အမြဲ ထိုးကြတယ်။ ကိုယ့်ကို ဘယ်လိုပဲ ထိုး / Troll ကြပါစေ ကောင်းဖို့ ပြောကြတယ်ပဲ သတ်မှတ်လိုက်တယ်’ လို့ ပြောလာတဲ့ ဘေဘီမောင်

၃။ ကောင်းတဲ့ သီချင်းလေးတွေဆိုပြီး ပရိသတ်ကိုချပြမယ်ဆိုတဲ့ နေရဲ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Y Agro စိုက်ပျိုးရေးနည်းပညာကုမ္ပဏီ နဲ့ ကမ္ဘာ့ထိပ်တန်း FMC ကုမ္ပဏီတို့ရဲ့လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်သော နေတိုး
Next post ငြိမ်းချမ်းစွာ အတူနေထိုင်ရေး မူကြီး(၅)ချက် ထုတ်ပြန်ခြင်း နှစ် (၇၀)ပြည့်အထိမ်းအမှတ်ပွဲတွင် ဦးသိန်းစိန် မိန့်ခွန်းပြော