သီပေါနှင့် လားရှိုးအစပ်ရှိ မန်ဆန်ရေကျ ကြိုးတံတား ကျိုးကျ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါနှင့် လားရှိုးအစပ်ရှိ မန်ဆန်ရေကျ ကြိုးတံတားမှာ ယမန်နေ့ ဇွန် (၂၇) ရက် ညနေပိုင်းအချိန်တွင် ကျိုးကျပျက်ဆီးခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ် တစ်ဦးထံမှ သိရသည်။

အဆိုပါ ကြိုးတံတားမှာ မန်ဆန်ရေကျ ကျေးရွာချင်း ချိတ်ဆက် ကြိုးတံတားတစ်စင်းဖြစ်ပြီး ဒေသတွင်း သတင်းများအရ မိုင်းထောင်ဖျက်ဆီးခံရခြင်းဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်းမရှိပေ။ “ တံတား က နှစ်ပေါင်းတော်တာ်ကြာပြီ။ မနေ့က ကျိုးကျသွားတယ်လို့တော့ သိရတယ်။ ဘာကြောင့်ဆိုတာတော့ သေချာမသိဘူး။ သီပေါဆိုပေမယ့် တံတားက သီပေါနဲ့ လားရှိုးအစပ်က မန်ဆန်ရွာကို သွားတဲ့ လမ်းမှာရှိတဲ့ တံတားပါ။” ဟု ဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိတွင် သီပေါမြို့မှ လက်နက်ကြီးပစ်ခတ်သံ အချို့ ကြားနေရသည်မှအပ တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း ဆိုသည်။ ယမန်နေ့ ညနေ(၅) နာရီအချိန်ခန့်တွင်လည်း လားရှိုးမြို့န ယ်၊ ရှန်ခိုက်ဘူတာနှင့် မန်ပွဲဘူတာအကြားရှိ ချောင်းကူး ရထားလမ်းလမ်းတံတားတစ်စင်းမှာလည်း ကျိုးကျပျက်ဆီးခဲ့ကြောင်း ဒေသတွင်း သတင်းဖော်ပြချက်များအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပထမနေ့မှာတင် အဖွင့်လှသွားခဲ့တဲ့ အိန္ဒိယ sci-fi ရုပ်ရှင် Kalki 2898 AD
Next post ဈေးဝယ်စင်တာနှင့် စူပါမားကတ်များတွင် သတ်မှတ်ဈေးဖြင့် ဆန်များစတင်ရောင်းချနေပြီး တစ်ပြည်ချင်းမှ အိတ်လိုက်ပါ ရောင်းချပေးနေ