TNLA၏တစ်ကျော့ပြန်တိုက်ခိုက်မှုကြောင့် ကျောက်မဲတွင် သုံးရက်အတွင်း ပြည်သူ ၂၁ ဦးသေဆုံး

ရှမ်းပြည်နယ် ( မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့ကို TNLA အကြမ်းဖက်အဖွဲ့နှင့် NUG ဩဇာခံ မန္တလေး PDF တို့ ပူးပေါင်းလက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုအတွင်း လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမူကြောင့် သုံးရ​က် အတွင်း ​ပြည်သူ ၂၁ ဦးကျည်ထိမှန်၍ သေဆုံးသွားကြောင်း သိရသည်။ ဇွန်လ ၂၅ ရက် နံနက်ခင်းမှစတင်၍ ဇွန်လ ၂၇ ရက် နေ့အထိ ကျောက်မဲမြို့အနီးတစ်ဝိုက်အတွင်း TNLA/PDF နှင့် လုံခြုံရေးတပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်ရာ ထိုတိုက်ပွဲများ အတွင်း ပြည်သူများ အသက်ပေးခဲ့ရခြင်းလည်းဖြစ်သည်။

လက်နက်ကြီးတွေနဲ့ပစ်နေကြတော့ အလောင်းတွေမကောက်ရဲဘူး။ နည်းနည်းငြိမ်သွားပြီဆိုရင် သွားကောက်လို့။ အခုလည်း အလောင်းတွေရှိသေးတယ်။ မကောက်ရဲသေးလို့။ တချို့က လက်နက်ကြီးကျည်ကျလို့ သေတယ်။ တချို့က ကျည်ထိလို့သေတယ်။ အခုလည်းပစ်နေတာ။ အများဆုံးသေတာက ( ၁) ရပ်ကွက်ကပိုများတယ်။ သေတဲ့သူတွေအကုန်က အမျိုးသားတွေ။ ဒီအလောင်းတွေက ၂၅ ရက်ကနေ ၂၇ ရက်ထိ အလောင်းတွေ” ဟု ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရှိရပါတယ်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမူကြောင့် သေဆုံးသူများမှာ ကျောက်မဲမြို့၊ ( ၁) ရပ်ကွက်၊ ( ၂) ရပ်ကွက်၊ ( ၉) ရပ်ကွက် တောင်/ မြောက်တို့တွင် နေထိုင်သူများ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရုပ်အလောင်းများကို နမ့်ခုံးရှမ်းများ ပရဟိတအသင်း(ကျောက်မဲအသင်းခွဲ)နှင့်နာရေးကူညီမှုအသင်း(ကျောက်မဲ)တို့မှ အေးချမ်းသာသုဿာန်တွင် သင်္ဂြိုဟ် လိုက်ကြောင်း သိရသည်။

၁၀၂၇ အပိုင်း (၂) စစ်စစ်ရေးကို TNLA ပူးပေါင်းအဖွဲ့က ဇွန်လ ၂၅ ရက်တွင် စတင်ခဲ့ပြီး လက်ရှိတွင် ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ သီပေါ၊ မတ္တရာ စသည့်မြို့နယ်များ၌ တိုက်ပွဲများဖြစ်ပွားနေသလို ပြည်သူများစွာသေကြေနေသလို ပြည်သူထောင်သောင်းချီလည်း စစ်ဘေးရှောင်နေကြရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၇-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post TNLA က ကျောက်မဲမြို့ ပြည်သူဆေးရုံကြီးအား ဝင်ရောက်စီးနင်းကာ ဆေးရုံလူနာစောင့် (၂)ဦးကို ဖမ်းဆီးခေါ်ဆောင်သွား