ပေါ်ဆန်းမွှေးဆန်များအား အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ကြေညာ

ပေါ်ဆန်းမွှေးဆန်များအား အိမ်အရောက်ပို့စနစ်ဖြင့် ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ကြေညာထားသည်။ လာမည့်ဇူလိုင်လ (၁)ရက်မှစတင်၍ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် သက်သာသော ဈေးနှုန်းဖြင့် ပေါ်ဆန်းဆန်များကို အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ငွေပေးချေမှုကိုလည်း KBZ Pay သို့မဟုတ် အခြားနည်းလမ်းဖြင့် ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ဆန်အမျိုးအစားများနှင့် အိမ်အရောက် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း ၂၄ပြည် တစ်အိတ် ကျပ် ၁၅၂၀၀၀၊ ဧရာဝတီပေါ်ဆန်း တစ်အိတ် ကျပ် ၁၃၀၀၀ဝ ၊  ဧရာဝတီပေါ်ဆန်း ၅ ပြည်တစ်အိတ် ကျပ် ၂၆, ၅၀၀ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး မှာယူသည့်နေ့မှ စ၍ (၃)ရက်အတွင်း အရောက်ပို့ပေးမည်ဖြစ်ကြောင်း သိရသည်။

သတ်မှတ်ဈေးနှုန်းများသည် ရည်ညွှန်းဈေးများနှင့်အညီ သင့်တင့်မျှတသော ဈေးနှုန်းများဖြစ်ပြီး ထပ်မံလျှော့ ချနိုင်ရေး ဆောင်ရွက်နေပြီး ဤအစီအစဉ်အား စဉ်ဆက်မပြတ် ဆောင်ရွက်မည်ဖြစ်၍ အမှန်လိုအပ်မှု အတွက်သာ မှာယူကြရန် မြန်မာနိုင်ငံဆန်းစပါးအသင်းချုပ်မှ မေတ္တာရပ်ခံထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၆-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၂၇-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်