၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများ ထုတ်ပေးနေ

၂၀၂၃ –၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ် (၅၂)၊ နေပြည်တော်နှင့် ရန်ကုန်(ရုံးခွဲ)၊ အမှတ် (၄/၅)၊ ပါရမီလမ်း၊ လှိုင်မြို့နယ်တို့တွင် ဇွန် (၁၇) ရက်မှစတင်ပြီး ထုတ်ပေးနေပြီဖြစ်သည်။

၂၀၂၃ – ၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများကို စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များမှအပ တနင်္လာနေ့မှ သောက်ကြာနေ့ထိ နေ့စဥ် နံနက် (၁၀) နာရီမှ မွန်းလွဲ (၂) နာရီထိ ရုံးချိန်အတွင်း ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနသည် အမှတ်စာရင်းထုတ်ပေးမှုကို အခြားနယ်မြို့များ၊ အခြားနေရာများတွင် ထုတ်ပေးမည်မဟုတ်ကြောင်းနှင့် Online စနစ်ဖြင့်လည်း ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Follower တွေနဲ့ အတူတူ Series ရိုက်မယ့် Porn Star Violet
Next post (၂၁-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ