တေးသံရှင်ဒေါ်ချိုဝေလွင် ( ခ ) ဒေါ်ခင်ချိုချို ကွယ်လွန်

တေးသံရှင်ဒေါ်ချိုဝေလွင်(ခ)ဒေါ်ခင်ချိုချိုဟာ ဇွန်လ ၁၅ ရက်နေ့ ည၁၁နာရီမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန် အသက်မှာ ၈၅ နှစ်ရှိပြီဖြစ်ကြောင်းသိရပါတယ်။

တေးသံရှင်ဒေါ်ချိုဝေလွင်(ခ)ဒေါ်ခင်ချိုချို ကွယ်လွန်သွားတာနဲ့ပတ်သက်ပြီး မြန်မာသံအဆိုတော် မသဲနုဝါက “မေကြီးအခုလို ဆုံးသွားတော့အရမ်းဝမ်းနည်းတယ်။ လွန်ခဲ့တဲ့ ၁ ပတ်ကမှ မေကြီးနဲ့နောက်ဆုံးတွေ့ခဲ့တာ။ဂီတမိခင်ကြီးကိုဆုံးရှုံးရလို့ အတိုင်းထက်အလွန် ဝမ်းနည်းရတယ်” လို့ပြောပါတယ်။

တေးသံရှင်ဒေါ်ချိုဝေလွင်ဟာ ရေဒီယိုသီချင်းနဲ့ ဓါတ်ပြားသီချင်းပေါင်းများစွာကို သီဆိုခဲ့ပြီးအောင်မြင်ခဲ့တဲ့ အဆိုတော်ကြီး တစ်ဦးဖြစ်ကာဒေါ်ချိုဝေလွင်ဆိုခဲ့တဲ့ “ခရီးဖော်” သီချင်းဟာယနေ့အချိန်ထိ လူကြိုက်များရေပန်းစားနေတဲ့ သီချင်းတစ်ပုဒ် လည်းဖြစ်ပါတယ်။ တေးသံရှင်ဒေါ်ချိုဝေလွင်(ခ)ဒေါ်ခင်ချိုချို ကို ဇွန်လ ၁၇ ရက်နေ့ တနင်္လာနေ့ ညနေ ၄ နာရီ မိနစ်၃၀ မှာ ရေဝေးသုဿန်မှာ မိီးသဂြိုလ်သွားမှာဖြစ်ကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နတ်မောက်မြို့နယ်၊ ဖက်တောရေကျေးရွာမှ နေအိမ် ၄၀ ခန့်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ
Next post သန်လျင်တံတားအမှတ်(၃)ဖွင့်ပွဲအခမ်းအနားကို၁၀၇မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မည့် အကြမ်းဖက်သမား များအား ထပ်မံဖော်ထုတ်ဖမ်းဆီးရမိ