(၇-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၇-၆-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ကျောင်းသားကလေးငယ်များကို ပစ်မှတ်ထားသတ်ဖြတ်နေသော PDF လုပ်ရပ် ရှုတ်ချကန့်ကွက်ကြောင်း နိုင်ငံရေးပါတီများ ထုတ်ပြန်

၂။ ဗဟိုဘဏ်အနေဖြင့် ပြည်သူများ၏ အပ်နှံငွေများကို အပြည့်အဝ အကာအကွယ်ပေးထားဟုဆို

၃။ မည်သည့်ယာဉ်မဆို အမည်ပြောင်းပါက ယာဉ်စစ်ဆေးခြင်း ပြုလုပ်ရမည်

၄။ ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ရွှေဆိုင်များ နေ့စဥ်ဖွင့်လှစ်ရန် နှင့် သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းချရန် YGEA သတိပေး

၅။ ကလေးမြိုတွင် ငွေကျပ် (၂)ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပါဝင်သူများ၏ ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရအရေးယူ

၆။ ထွန်းမြတ်နိုင်ဦးဆောင်သော AA တပ်ဖွဲဝင်များ အလယ်တန်းကျောင်းသူပါမချန် သက်ငယ်မုဒိမ်းကျင့်နေပြီး ကိုယ်ဝန်ရမှပြန်လွှတ်ပေးနေဟု Global Khumi Organization ထုတ်ပြန်

၇။ မြိတ်မြိုတွင် ဇွန် ၆ ရက်က ရွှေဆိုင်ပိုင်ရှင်အဖေဖြစ်သူထံမှ ရွှေများ လုယူထွက်ပြေးသည့် သားဖြစ်သူအား အသေဖမ်းဆီးရမိခဲ့ကြောင်း သိရ

၈။ ဇွန်လ ၆ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၈၁၀,၉၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၅၆၅ ကျပ်၊ Octane 95 – ၂၆၆၅ ကျပ်၊ Diesel – ၂၃၃၀ ကျပ်၊ Premium Diesel – ၂၃၈၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ တရုတ် အရပ်ဘက်သုံး ဒရုန်းသည် ကမ္ဘာ့ပထမဆုံး အကြိမ်အဖြစ် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၆၀၀၀ ရှိ Qomolangma တောင်ထိပ်တွင် ပစ္စည်းများ ပိုဆောင်ခဲ့

၂။ အရက်မူးနေသော ယာဉ်မောင်းများထံမှသိမ်းဆည်းရမိသည့်ကားများကို လတ်ဗီးယားက ယူကရိန်းသိုပို

၃။ ဝန်ကြီးချုပ်ဆရက်ထာ ရာထူးကဖယ်ရှားခံရရင် အစိုးရအဖွဲ ပြိုကွဲသွားမှာဖြစ်ကြောင်း ဖီယူထိုင်းပါတီ လွှတ်တော်အမတ်တွေကို ပေထောင်တန် သတိပေး

၄။ အနောက်နိုင်ငံတွေကိုတိုက်ခိုက်ဖို တခြားနိုင်ငံတွေကို လက်နက်တပ်ဆင်ပေးနိုင်ကြောင်း ပူတင်ပြော

၅။ လက်ဘနွန်နိုင်ငံရဲ့ အမေရိကန်သံရုံး သေနတ်ဖြင့် ပစ်ခတ်ခံရ

၆။ အစ္စရေးက F-35 ဂျက်တိုက်လေယာဉ် ၂၅ စင်း ထပ်မံဝယ်ယူ 

အားကစားသတင်းများ

၁။ နိုင်ငံ့ဂုဏ်ဆောင် ရွှေခေတ်လက်ရွေးစင်ကစားသမားကြီးများအား ရာသက်ပန်ထောက်ပံ့ငွေ ပေးအပ်သွားမည်

၂။ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အိမ်ရှင်မြန်မာအသင်းက ဂျပန်အသင်းကို ၅ ဂိုးပြတ် ရှုးနိမ့်

၃။ မြန်မာပြည်ဖွား အသက်(၁၂)နှစ်အရွယ် ချင်းတိုင်းရင်းသား လူငယ်ဘောလုံးသမားအား ဂျူဗင်တပ်အသင်း ခေါ်ယူ

၄။ ကစားသမားဘ၀ ဟက်ထရစ်သွင်းယူနိုင်မှုမှတ်တမ်းမှာ ဟယ်ရီကိန်းကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ဟာလန်း

၅။ ယူရို၂၀၂၄ပြိုင်ပွဲ အုပ်စုအဆင့်အား ခန့်မှန်းသုံးသပ်ကြည့်ခြင်း

အနုပညာသတင်းများ

၁။ ငါးနှစ်နီးပါးရပ်ဆိုင်းထားခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးနဲ့အထူးခြားဆုံးမျက်နှာဖုံးတွေနဲ့ ပရိသတ်ရဲ့ စိတ်ဝင်စားမှုကိုအရယူခဲ့တဲ့ The Mask Singer Myanmar Season 2 အစီအစဉ်မိတ်ဆက်

၂။ ‘ကိုယ်တွေခေတ် မင်းသားတွေက အရမ်း ချောကြသလို နုလည်း နုကြတယ်ဆိုပြီး ညီညီနေနိုင် ဆိုလည်း ချောတုန်းပဲလို့ ပြောကြတယ်’ လို့ ပြောလာတဲ့ ပိုင်ဇေရဲထွန်းနဲ့ ဇင်သဲနိုင်

၃။ ရဲရင့်အောင်နဲ့ အပြောအဆိုခံရလို သူ့ကို ဝေးဝေးနေခိုင်းထားတယ်ဆိုတဲ့ သံသာမိုးသိမ့်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၆-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၇-၆-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ