ပြည်ထောင်စုဝန်ကြီး (၁)ဦးနှင့် ဒုတိယဝန်ကြီး (၁)ဦးတို့အား တာဝန်မှအနားယူခွင့်ပြု

နစက ဥက္ကဌရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် စီမံ/ဘဏ္ဍာ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့အား တာဝန်မှအနားယူခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မေ ၂၇ ရက်စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌရုံး ဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးအား တာဝန်မှအနားယူခွင့် ပြုလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အမိန့်အမှတ်(၃၈/၂၀၂၄)ဖြင့် ထုတ်ပြန်လိုက်သည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးမောင်မောင်ဝင်းအား တာဝန်မှအနားယူခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့် အမှတ်(၃၉/၂၀၂၄) ဖြင့် ထုတ်ပြန်လိုက်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၈-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ဇာတ်ကားရိုက်ချင်ရင် ဒါရိုက်တာနဲ့ အိပ်ရတယ်ဆိုတာ အခုခေတ်မှာလည်း ရှိတယ်ဆိုတဲ့ V V Chen