(၂၅-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၅-၅-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ နစက ဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ ဒေသဖွံဖြိုး တိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား

၂။ ဇွန်လ ၂ ရက်မှစတင်ပြီး ရန်ကုန်-သံတွဲ လေကြောင်းခရီးစဉ်အား MNA ပြန်လည်ပြေးဆွဲမည်

၃။ ကျောင်းအပ်နှံရေး ပထမနေ့တွင် ကျောင်းအပ်နှံသူ ၁၇ သိ န်း ၉ သောင်းကျော် လာရောက်အပ်နှံ

၄။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို မြေရှားသတ္တုတင်သွင်းရောင်းချမှု နှစ်နှစ်အတွင်း နှစ်ဆကျော်တိုးလာသည်ဟု Global Witness အဖွဲ ထုတ်ပြန်

၅။ ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်း ကညွတ်ကွင်းနှင့်ညောင်ပင်သာကြားတွင် ရထားလမ်းမိုင်းခွဲခံရပြီး ရထားသွားလာရေး ယာယီပြတ်တောက်

၆။ မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော ပဋိပက္ခကိုဖြေရှင်းပေးရန် ထိုင်းနိုင်ငံက မရပ်မနား ဆောင်ရွက်နေသည်ဟု ထိုင်းဝန်ကြီးချုပ် ပြောကြား

၇။ ဘူးသီးတောင်ဖြစ်စဉ်မှာ AA အတွက်ဖြေရှင်းရန်ခက်နေသည့် ပုစ္ဆာတစ်ပုဒ် ဖြစ်နေဟုဆို

၈။ မေလ ၂၄ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၃,၉၉၉,၆၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၆၂၅ ကျပ်၊ Octane 95 – ၂၇၅၀ ကျပ်၊ Diesel – ၂၃၄၅ ကျပ်၊ Premium Diesel – ၂၃၉၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ရုရှားထံမှသိမ်းယူထားသောပိုင်ဆိုင်ပစ္စည်းများမှ ရလာမည့်ငွေများဖြင့် ယူကရိန်းကို ငွေကြေးထောက်ပံ့မည့်ကိစ္စအား ဂျီ-၇ ဆွေးနွေးမည်

၂။ အိုင်ယာလန်နှင့် နော်ဝေနိုင်ငံတိုမှ သံတမန်များကို ပြန်ခေါ်ရန် အစ္စရေးအမိန့်ထုတ်

၃။ ယူကရိန်းလေယာဉ်မှူးများက F-16 တိုက်လေယာဉ်နှင့်လေ့ကျင့်မှု ပြီးဆုံးသွားပြီဖြစ်ကြောင်း အမေရိကန်စစ်ဘက် သတင်းထုတ်ပြန်

၄။ ထိုင်းနိုင်ငံမှာ ဆေးခြောက်အသုံးပြုမှု ပိတ်ပင်ဖို စီစဉ်နေ

၅။ ချက်သမ္မတ Petr Pavel ပြိုင်ပွဲဝင်ဆိုင်ကယ်အား စီးနင်းစဉ် ဆိုင်ကယ်ပေါ်မှပြုတ်ကျ၊ ဒဏ်ရာများရ၍ ဆေးရုံတင်ထားရ

၆။ ကမ်းခြေစောင့်တပ်ဖွဲများအပေါ်ခွင့်ပြုခဲ့သော တရုတ်အစိုးရ၏စည်းကမ်းဥပဒေအသစ်များက ရန်စမှုဖြစ်ကြောင်း ဖိလစ်ပိုင်စစ်ဘက်ပြော

အားကစားသတင်းများ

၁။ MFF Futsal Amateur Cup 2024 ပြိုင်ပွဲ ရက်ပြောင်းရွှေ့သတ် မှတ်

၂။ စင်ကာပူတွင် ကျင်းပမည့် Southeast Asian Amateur Golf Team Championship 2024 ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာဂေါက်သီးရိုက်ကစားသမားများကို ထိုင်းပရော်ဖက်ရှင်နယ်ကစားသမား လေ့ကျင့်သင်ကြားပေးနေ

၃။ ဘောလုံးပညာနှင့် အတန်းပညာ အခမဲ့သင်ပေးမည့် FIFA-MFF TDS Scouting Program ပဏာမရွေးချယ်ခံရသူ ၂၀၇ ဦးမှ ၉၀ ဦးကို အတည်ပြု ရွေးချယ်

၄။ ဘာစီလိုနာအသင်းဟာ နည်းပြဇာဗီကို ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း အကြောင်းကြားခဲ့

၅။ မန်စီးတီးနဲ့ အက်ဖ်အေဖလား ဖိုင်နယ်ပွဲစဉ်အပြီး ရာထူးမှ ထွက်ခွာရဖို့ ရှိ၊မရှိအပေါ် တုံ့ပြန်လာတဲ့ တန်ဟက်

အနုပညာသတင်းများ

၁။ ရေနံ့သာခင်ခင်ကြီး ဇာတ်လမ်းတွဲ အပိုင်း ၂ ကို MRTV-4 ရုပ်သံလိုင်းမှာ ယနေ့ ထုတ်လွှင့်ပြသမည်

၂။ မွေးနေ့ကို ဟီးဟီးဟားဟားနဲ့ဖြတ်သန်းရတာမကြိုက်လို မိဘရဲ့မေတ္တာကိုဖော်ကြူးတဲ့ အနေနဲ့ ဒီလိုမွေးနေ့အလှူပွဲလေးလုပ်ဖြစ်တာပါဆိုတဲ့ မမဆောင်း

၃။ Super Star မင်းသားတွေရဲ့ သမ္ဘာနဲ့သရုပ်ဆောင်တဲ့ပညာတွေက ကိုယ့်သီချင်းကို အများကြီး Support ပေးမယ်ဆိုတာယုံကြည်တယ်ဆိုတဲ့ ပိုပို

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ထားဝယ်အထူးစီးပွားဇုန်အတွက် စိတ်ဝင်စားမှုစာချွန်လွှာ မကြာမီ လက်မှတ်ထိုးမယ်
Next post (၂၅-၅-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ