
မဟာဗောဓိမြိုင်ဆရာတော်ကြီး ယနေ့ နေ့လည်ပိုင်းအချိန်မှာ ပျံလွန်တော်မူ
ယနေ့ ဧပြီလ ၃၀ ရက် နေ့လည် ၁နာရီ ၁၀မိနစ်အချိန်မှာ မဟာဗောဓိမြိုင်ဆရာတော်ကြီး ပျံလွန်တော်မူသွားခဲ့တယ်လို့ နီးစပ်သူအသိုင်းအဝိုင်းက ဖေ့ဘုတ်လူမှုစာမျက်နှာကနေ စိတ်မကောင်းဖွယ် ယခုလိုရေးသားဖော်ပြလာကြပါတယ်။
“စိတ်မကောင်းစရာသတင်းကြီးပါ။ ရွှေတောင်ကြီးပြိုပါပြီ။ မဟာဗောဓိမြိုင်ဆရာတော်ကြီး နေ့လည် ၁နာရီ ၁၀မိနစ်အချိန်မှာ ခန္ဓာဝန်ချသွားပါပြီ”လို့ ဆရာတော်ကြီးရဲ့ကပ္ပိယနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။”မဟာဗောဓိမြိုင်ဆရာတော်ကြီး ပျံလွန် တော်မူသည့်အချိန်တွင် သက်တော် ၈၃နှစ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီး ပျံလွန်တော်မူသည့် အခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ တရားဝင်ထုတ်ပြန် ပြောဆိုထားခြင်း မရှိသေးတာလည်းဖြစ်ပါတယ်။
More Stories
နစကဥက္ကဋ္ဌ ထံသို့ ငလျင်ဘေးနှင့် ပတ်သက်ပြီး ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြတဲ့ နိုင်ငံ့ခေါင်းဆောင်များ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း မတ်လ ၂၈ ရက်နေ့ ဒေသစံတော်ချိန် ၁၂ နာရီ ၅၂ မိနစ်က ရစ်ချာစကေး ၇.၇ ရှိသော အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အများဖြစ်ပေါ်ခဲ့သည်။ ၄င်းဖြစ်ပေါ်ခဲ့ခြင်းအတွက် နိုင်ငံအသီးသီးမှ နိုင်ငံ့ခေါင်းဆောင်များဖြစ်သော...
ယနေ့ မတ်လ (၃၁)မှစ၍ ဧပြီ (၆)ရက်အထိ (၇)ရက်တာအား နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက်အဖြစ်သတ်မှတ်
နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်မှတ်ရေးထိုး၍ ယနေ့ မတ် ၃၁ ရက်မှစ၍ ဧပြီ ၆ ရက်အထိ (၇)ရက်တာအား နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ်သတ်မှတ်ခဲ့ကြောင်း သိရသည်။ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများတွက် စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစားလျက် နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ်...
အင်အားပြင်းငလျင်ဒဏ်ခံ မြန်မာပြည်သူများအတွက် မလေးရှားနိုင်ငံက ရင်းဂစ် ၁၀ သန်းတန်ဖိုးရှိ အကူအညီများ ပေးအပ်မည်
မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံမှ အင်အားပြင်း ငလျင်ဒဏ်ခံစားခဲ့ရသူများအတွက် ရင်းဂစ် ၁၀ သန်း တန်ဖိုးရှိ အကူအညီများ ပေးအပ်မည်ဟု ဝန်ကြီးချုပ် ဒါတွတ်ဆယ်ရီ အန်ဝါ အီဗရာဟင်က ပြောကြားခဲ့သည်။ငလျင်သည် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့ပြီး အာဆီယံဥက္ကဋ္ဌအနေဖြင့် မလေးရှားနိုင်ငံသည်...
နစကဉက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဒဏ်သင့်နေရာများအား သွားရောက်ကြည့်ရှုစစ်ဆေး
မတ် ၂၈ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ရှားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော် ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့၌ ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူအချို့...
မန္တလေးမှာ ငလျင်ဘေး ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်
မြန်မာနိုင်ငံ၊ မန္တလေးမြို့အနီး မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းကြောင့် သေဆုံးထိခိုက်ဒဏ်ရာ ရရှိမှုများရှိခဲ့ခြင်းကြောင့် နစက-က ယာယီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိသည်။ မတ်လ ၂၈...
မန္တလေးတွင် ရှာဖွေရေးလုပ်ငန်းများ အမြန်လုပ်ရန် တပ်ချုပ် မှာကြား
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု များပြားခဲ့ရတဲ့ မန္တလေးတိုင်းဒေသကြီးမှာ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်ပေးသွားဖို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားခဲ့ပါတယ်။ နစက ဥက္ကဋ္ဌ ဟာ မတ်လ ၂၉ ရက်၊ မနက်အစောပိုင်းက ထိခိုက်ပျက်စီးဆုံးရှုးမှုများပြားခဲ့ရတဲ့ မန္တလေးတိုင်းဒေသကြီးကို...