လာမည့် ပညာသင်နှစ်တွင် စာသင်ကျောင်းအားလုံး ဖွင့်လှစ် နိုင်ရေးနှင့် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြား နိုင်ရေး ဆောင်ရွက်သွားမည်ဟု နစကဉက္ကဋ္ဌ ပြော

နစက ဉက္ကဋ္ဌက လာမည့် ပညာသင်နှစ်တွင် စာသင်ကျောင်းအားလုံး ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းနေအရွယ် ကလေး အားလုံး ပညာသင်ကြားနိုင်ရေး ဆောင်ရွက်သွားမည် ဟု ပြောကြားလိုက်သည်။ ယမန်နေ့ ဧပြီလ ၂၂ ရက်က နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၄) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

လာမည့် ဇွန်လအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် စာသင်ကျောင်းများ သန့်ရှင်း သာယာလှပရေး၊ ကျောင်းဥပဓိရုပ်များ ကောင်းမွန်စေရေးနှင့် ပရိဘာဂများ ပြည့်စုံကောင်းမွန်စေရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ပေးထားရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် ပညာရေးနှောင့်နှေးခဲ့ရသည့် ဒေသအချို့တွင်လည်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားကြရန် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၃-၄-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၂၃-၄-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ